Zawgyi
"အကို..စိုင်း-စိုင်းတစ်ပ်နဲ့တွေ့လာလို့"
"ဟေ..ဘယ်လိုဖြစ်တာတုန်း"
အဘမောင်က ဘုရားစင်နားရှိရေဘူးကိုယူကာ ထယ်ယောင်းဆီကမ်းပေးသည်။
"သောက်လိုက်လူလေး"
ထယ်ယောင်း အဘပြောတဲ့အတိုင်းမော့သောက်လိုက်သည်။
"အင်း..ဒီလိုနေရာမှာနေရင်တော့ ဒီလိုတွေတွေ့ကြုံရမှာပါပဲလေ"
"ဘာတြွေဖစ်နေကြတာလဲ..ကျွန်တော်ဘာမှနားမလည်တော့ဘူး"
"ဒီလိုလူလေးရဲ့..လူလေးတွေ့ခဲ့တဲ့ စိုင်းတစ်ပ်ဆိုတာ လွန်ခဲ့တဲ့ သုံးလလောက်ကဦးနှောက်သွေးကြောပြတ်ပြီးဆုံးသွားပြီကွဲ့"
"ဗျ-ဗျာ..ကျွန်တော်တွေ့ခဲ့တာ လူ-လူပါ.."
ထိုကောင်လေးက သူ့အသားကိုတောင် ထိခဲ့သေးတယ်မဟုတ်လား...
"စိုင်းတစ်ပ်ကိုတွေ့တာ လူလေးတစ်ယောက်တည်းမဟုတ်ပါဘူး..ရုံးကလူတိုင်းလိုလိုပါပဲ သူကဒီရုံးမှာလုပ်ခဲ့တဲ့သူဆိုတော့ စိတ်စွဲနေတာထင်ပါရဲ့"
ထယ်ယောင်းသွေးပျက်သွားရသည်။
"ကျွန်တော် လူတွေအများကြီးကိုလည်းတွေ့ခဲ့တယ်..ဆရာဝန်တွေရော သူနာပြုတွေရော"
"အင်း..အဲ့ရုံးကြီးက အင်္ဂလိပ်ခေတ်ကတည်ဆောက်ခဲ့တဲ့ ဆေးရုံကြီးကွဲ့ 2000ခုနှစ်ကျော်လောက်မှ ရုံးအဖြစ်ပြောင်းလည်းပြီး ဆေးရုံကိုမြို့အပြင်ပို့လိုက်တာ အရင်ကဆို အဲ့လိုအရာတွေကဒီထက်တောင်များသေးတယ်"
ကြက်သီးတွေထလာတဲ့ ထယ်ယောင်းဟာ ပါးစပ်ကလေးဟကာနားထောင်နေမိသည်။ ဘယ်လိုတောင်ကြောက်စရာကောင်းတာကြီးလဲ..ဒီလိုနေရာမှာ လူတွေကနေကြတယ်တဲ့လား..
ပါးစပ်ကလေးဟကာ စိတ်ဝင်တစားနားထောင်နေတဲ့ထယ်ယောင်းကို အဘမောင်ကကြည့်ပြီးပြုံးသည်။
"ဒီရုံးဝန်းက ထူးဆန်းတယ် လူလေးရဲ့
ဒီအိမ်တန်းလျားတွေအရှေ့က အခေါင်းပေါက်နဲ့အပင်ကြီးကို သိတယ်မို့လား""သိပါတယ် အဘ"
"အဲ့အပင်ကြီးရယ်..ရုံးရှေ့ဂိတ်နားကခုတ်ထားတဲ့အပင်ကြီးရယ် ဟိုအနောက်ဘက်မှာအပင်တစ်ပင်ရှိသေးတယ် အဲ့အပင်သုံးပင်က တစ်ချိန်ကရှမ်းတွေယုံကြည်တဲ့ ကြောင်နတ်လေး ပြေးတက်လိုက်ပြေးဆင်းလိုက်နဲ့ ဆော့တဲ့အပင်တွေ လူလေးရဲ့ ... အခုအဲ့အပင်ထဲကတစ်ပင်ကိုခုတ်လိုက်တော့ ရှမ်းတွေလည်းငိုကြသလို မဟုတ်တာတွေကလည်းပိုထလာတာပေါ့ ဒီအိမ်တန်းရှေ့ကပင်ကြီးကလည်း ပန်းတွေမပွင့်ပေမယ့် ညသန်းခေါင်ကျော်ဆိုမွှေးနေတတ်တာ လူလေးတို့အဲ့ချိန်မအိပ်တတ်ကြရင်တော့သိမှာပါလေ"
YOU ARE READING
မြို့ဟောင်းလေး(vk){Complete}
Fantasyရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံရယ်လို့အမည်ရတဲ့ မြို့တစ်မြို့ရဲ့ တကယ့်ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်းတစ်ချို့ကိုထည့်သွင်းရေးသားထားဖြစ်ပါတယ်။ ဇာတ်ကောင်ပိုင်းတွေက စိတ်ကူးယဉ်သက်သက်ဖြစ်သည့်အလျှောက် ကိုယ်ညဏ်မှီသလောက်ရေးထားတာဖြစ်တဲ့အတွက် ရှေးခေတ်ရှမ်းပြည်အနယ်အ...