အပိုင်း(၁၇)

165 21 11
                                    

ထယ်နဝါနိုးလာတော့ ဂျစ်ကားဟာတလှုပ်လှုပ်နှင့်သွားနေတုန်း..ထယ်နဝါခေါင်းထောင်ကြည့်လိုက်တော့အခုမှ'လွိုင်မွေမြို့မှကြိုဆိုပါသည်'ဆိုသည့်စာတန်းလေးအားတွေ့လိုက်ရသည်။ နေရောင်အတော်လေးရနေပြီမို့ မွန်လွှဲအချိန်လောက်ဖြစ်မယ်ဆိုတာ ထယ်နဝါခန့်မှန်းမိသည်။

"နိုးပြီလား"

"အော့.."

သူ့ခေါင်းပေါ်ကကြာလိုက်ရသည့်အသံကြောင့် ထယ်နဝါသတိပြန်ရကာ ထိုလူ၏ရင်ခွင်ထဲကနေထွက်လိုက်ပြီး ပြတင်းပေါက်ဘက်သို့မျက်နှာမူလိုက်စဉ် ထယ်နဝါစွံ့အသွားရတော့သည်။

တစ်တောင်လုံးပန်းရောင်သန်နေသည့်ထိုမြင်ကွင်း..အပင်တိုင်းဟာ အစိမ်းရောင်အရွက်တို့အစားပန်းရောင်အပွင့်အငုံတို့ဖြင့်ဝေဆာနေကြသည်မှာ တစ်တောင်လုံးကိုအပန်းရောင်သန်းသွားစေသည်အထိ..

အပင်တိုင်းဟာ အစိမ်းရောင်အရွက်တို့အစားပန်းရောင်အပွင့်အငုံတို့ဖြင့်ဝေဆာနေကြသည်မှာ တစ်တောင်လုံးကိုအပန်းရောင်သန်းသွားစေသည်အထိ

Oups ! Cette image n'est pas conforme à nos directives de contenu. Afin de continuer la publication, veuillez la retirer ou télécharger une autre image.

"အဲ့တာချယ်ရီပန်းလို့ခေါ်တယ်"

"ချယ်ရီ..."

ကားလေးဟာ ချယ်ရီပင်တွေတန်းစီစိုက်ထားသည့် ချယ်ရီတန်တွေအလယ်ကလမ်းလေးစီချိုးကွေ့ဝင်သွားလေသည်။
ထယ်နဝါဘယ်လောက်တောင် အငေးလွန်လိုက်မိမှန်းမသိ ကားရပ်တာတောင်မသိလိုက်ပေ...

"ရောက်ပါပြီသခင်လေး"

ဂျွန်စံတံခါးဖွင့်လိုက်မှ ဂျွန်စံနောက်ကနေ ထယ်နဝါဟာအပေါ်ကိုတငေးငေးနှင့်လိုက်ဆင်းလာလေသည်။

ထယ်နဝါအရှေ့ကြည့်လိုက်တော့မှ ပန်းရောင်သန်းနေသည့်ခြံဝန်းကြီးအလည်တွင်အေးချမ်းစွာတည်ရှိနေသော အုတ်ခဲနီတွေတည်ဆောက်ထားပြီးနီညိုရောင်အုတ်ကြွတ်တို့အုပ်မိုးထားသည့် တစ်ထပ်တိုက်အိမ်အပုလေးကိုမြင်လိုက်ရသည်။ တစ်ထပ်တိုက်ဆိုသော်ညှား အတော်ကိုသေသပ်ကာသူ့ဟာနှင့်သူခန်းနားလျက်ရှိသည်။

မြို့ဟောင်းလေး(vk){Complete}Où les histoires vivent. Découvrez maintenant