အပိုင်း-၂၉(ဇာတ်သိမ်းပိုင်း)

341 25 13
                                    

Zawgyi

ပြတင်းပေါက်မှ ဖျာကျလာသည့်အလင်းရောင်ဟာ မှိတ်ကျနေသော မျက်လုံးအပေါ်ကျရောက်လာတော့ ထယ်ယောင်းမခံနိုင်စွာနိုးဘာမိသည်။ မျက်လုံးဖွင့်ဖွင့်ချင်းမှာတင်တွေ့လိုက်ရသည့် မျက်နှာချောချောကြောင့် ထယ်ယောင်းမျက်လုံးတို့ဝိုင်းကျယ်သွားရသည်။

ဘယ်လိုလုပ်ပြီး ရောက်နေမှန်းမမှတ်မိတော့ပေမယ့်
အချိန်အကြာကြီးလွမ်းနေခဲ့ရသည့် မျက်နှာလေးကိုတမေ့တမောတော့ငေးကြည့်ချင်ပါသေး...

မှေးဆင်းသည့်မျက်လုံးဝိုင်းဝိုင်းလေး...နှာတံဆင်းဆင်းလေး နှားခေါင်းပေါ်ကမှဲ့လေး...ခပ်ပါးပါးနှုတ်ခမ်းလေးနဲ့ နှုတ်ခမ်းအောက်ကမှဲ့လေး အရာအားလုံးဟာအရင်ကအတိုင်းပဲ

"ကြည့်လာချည်းလား..."

နှုတ်ခမ်းလေးကိုငေးနေတုန်းရှိသေး..ထွက်ပေါ်လာသဘ့်အသံကြောင့် ထယ်ယောင်းမှာအလန့်လန့်အဖြန့်ဖြန့်ထထိုင်လိုက်ရသည်။

"အာ...ငါ ငါမနေ့ညကမူးသွားတယ်ထင်တယ် အားနာလိုက်တာ..ဟို ပြန်..ပြန်ဦးမယ်နော်"

"ဟော..ဘယ်လို့ဖြစ်တာလဲ အလောတကြီး"

ကုန်းရုံးထကာ ပြန်ဖို့လုပ်နေသည့် ကောင်လေး၏လက်ကိုလှမ်းဆွဲကာဆိုတော့...
ခေါင်းတကုတ်ကုတ်နဲ့လှည့်ကြည့်လာသည်။

"ကျွန်တော်တို့..ဒီနေ့လွယ်မွေသွားကြမလား"

ထယ်ယောင်း ဂျောင်ကုကိုကြည့်တော့ သူ့ကိုလုပ်ပါသွားရအောင်ပါဆိုတဲ့အကြည့်လေးတွေနဲ့ကြည့်နေသည်။

"ရေချိုးချင်သေးတယ်"

"ကျွန်တော့်အိမ်မှာပဲချိုးလေ...ပြီးရင်ကျွန်တော့်အဝတ်ယူဝတ်ပေါ့"

"ဟို.."

"နော်"

ထယ်ယောင်းခေါင်း ငြိမ့်လိုက်တော့ လက်ကနေဆွဲကာ...ရေချိုးခန်းရှေ့ခေါ်သွားပေးလေရဲ့...

ရေမိုးချိုးပြီူ ဂျောင်ကုပေးထားသည့် Tshirtအဖြူနှင့်ဘောင်းဘီခဲရောင်လေးကိုဝတ်ကာ ထွက်လာတော့ ဂျောင်ကုဟာစာပွဲဝိုင်းရှေ့ စောင့်နေသည်။

ဂျောင်ကု သူ့အင်္ကျီဘောင်းဘီပွပွကြီးတွေကိုဝတ်ပြီးထွက်လာသည့်ထယ်ယောင်းကိုကြည့်ကာ သဘောကျလေသည်။

မြို့ဟောင်းလေး(vk){Complete}Where stories live. Discover now