Zawgyi
တစ်နေ့ပြီးတစ်နေ့ကူးပြောင်းလာလိုက်တာ အချိန်တန်တော့ အိမ်ပြန်ရမယ့်အချိန်ကိုရောက်လာခဲ့သည်။ နွယ်ကတော့နှုတ်ခမ်းလေးတစ်စူစူနှင့်ပြန်ချင်ပုံမပေါ်...
မှိုင်းညို့နေတဲ့နှင်းမှုန်တွေကြားထဲ အဝတ်ပုံလေးလိုဖြစ်နေတဲ့နွယ်ဟာ ကြွလေုဆဲဆဲချယ်ရီပန်းဖြူဖြူတွေအောက်အလှုပ်မရှက်ရပ်နေလေသည်။
"နွယ်...ပြန်ရအောင်လေ တော်ကြာအိမ်အရောက်နောက်ကျနေရင် လမ်းမှာဗိုက်ဆာနေမှာ"
"ပြန်ရတော့မှာလား...ခနလေးပဲနေရသေးတယ်"
"နွယ်ရယ်...နောက်လည်းလာလို့ရတာပဲ အခုတော့နွယ့်မိဘတွေလည်းစိတ်ပူနေလိမ့်မယ် ပြန်ရအောင်နော်"
"ဟွန့်"
ဟွန့်ခနဲအသံနှင့် အပင်ဘက်မျက်နှာလှည့်ကာဖြူဖျော့ဖျော့ချယ်ရီပန်းတွေကို ချိုးဖဲ့လေသည်။
အဝတ်တွေကြားနစ်မြုတ်နေသည့် ခပ်ဖောင်းဖောင်းကိုယ်လေးကိုအနောက်ကနေလက်လျှိကာသိုင်းဖက်လိုက်တော့ ကိုယ်လေးတစ်ချက်တွန့်သွားကာ..."မောင်..ဦးလေးအားဂျာရှိတယ်လေ"
"မောင်ဂရုမစိုက်ပါဘူး"
အအေးဒဏ်ကြောင့်နီရဲရဲဖြစ်နေသည့် နွယ့်၏နှာဖျားထိပ်လေးတွေနားထိပ်လေးတွေ အပြင်ပါးပြင်မို့မို့လေးကပါနီရဲလာလေသည်။
"ပြန်မယ်..လွတ်တော့"
"မလွတ်ချင်ပေါင်"
"မောင်ကလည်း..သူများတြွေမင်သွားမယ်လို့"
"လွယ်လွယ်နဲ့ဘယ်ရမလဲ"
"ဘာကိုလဲ.."
"ဒီမှာလေ..အင့်.."
သူ့ပုခုံးပေါ်မေးတင်ကာပါးတစ်ဖက်ဖောင်းပေးလာတဲ့မောင်...
မောင်ဟာလေ..အခုနောက်ပိုင်း အရင်ကလိုရုပ်တည်းကြီးနဲ့မဟုတ်တော့ သူရှေ့မှာဆိုမျက်နှာစိုစိစိနှင့်လူကိုလည်းရှက်အောင်စတတ်သလို ဒီလိုလည်းအကျပ်ကိုင်ပြီးအနိုင်ကျင့်တတ်သေးသည်။
တခါတလေဆိုဇွတ်တရွတ်ဆန်ပြီး သိပ်မုန်းဖို့ကောင်းတဲ့..လူလည်ကြီးဖြစ်လာခဲ့လေသည်။
BẠN ĐANG ĐỌC
မြို့ဟောင်းလေး(vk){Complete}
Viễn tưởngရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံရယ်လို့အမည်ရတဲ့ မြို့တစ်မြို့ရဲ့ တကယ့်ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်းတစ်ချို့ကိုထည့်သွင်းရေးသားထားဖြစ်ပါတယ်။ ဇာတ်ကောင်ပိုင်းတွေက စိတ်ကူးယဉ်သက်သက်ဖြစ်သည့်အလျှောက် ကိုယ်ညဏ်မှီသလောက်ရေးထားတာဖြစ်တဲ့အတွက် ရှေးခေတ်ရှမ်းပြည်အနယ်အ...