အပိုင်း(၈)

170 26 14
                                    

Zawgyi

အေးစိမ့်စိမ့် ဆောင်းရာသီမနက်ခင်းရဲ့ အအေးဓာတ်ကြောင့် ထယ်နဝါ နေရောင်ခြည်နွေးနွေးလေးထဲခြေဆန့်ရန်ပြင်မိသည်။

ခြံထဲရောက်တော့ မျက်လုံးတွေက အလိုအလျောက်ဘေးကခြံဆီသို့..ဒေသဖြစ် ခပ်လျောလျောသစ်သားခုံပေါ် ခြေချိတ်ထိုင်ကာ သီတင်းစာဖတ်နေလေသောသူ..ကိုယ်ပေါ်တွင် ခပ်ရင့်ရင့်အပြာရောင် ယောပုဆိုးကိုဝတ်ဆင်လျက် အောက်ကအင်္ကျီအဖြူလက်ရှည်ပေါ် အပြာရောင်သန်းနေသည့် ဝတ်စကုပ်ကိုဝတ်ဆင်ထားသောသူဟာ အဖိုးကြီးပမာ ခေါင်းကခပ်တိုတိုဆံပင်တွေကို ဆီကလိမ်းထားသေး သို့သော် ပြားကပ်နေတာမျိုးတော့မဟုတ် နဖူးပေါ်ဟိုတစ်ချောင်း ဒီတစ်ချောင်းဝဲကျနေသည်။

*ဒုတ်..ဒုတ်*

ခြံနောက်ဘက်မှကြားလာရသော တဒုတ်ဒုတ်အသံကြောင့်အတွေးတို့ပျံ့သွားရသည်။

"ဘာသံကြီးလဲ.."

ထယ်နဝါသိချင်စိတ်နဲ့ခြံနောက်ကိုသွားကြည့်မိတော့ ဦးမြင့်၏ဇနီး ဒေါ်နန်းခမ်းဆောင်ဟာ ခပ်ကြီးကြီးစုံထဲ ခပ်ရှည်ရှည်ဂျပွေ့နဲ့ဘာတွေထောင်းနေမှန်းမသိ..

"ဖွားခမ်း.."

"အယ်..သားလေး"

"ဖွားခမ်း ဘာတွေလုပ်နေတာလဲ.."

ထယ်နဝါ ဒေါ်နန်းခမ်းဆောင်နားသွားကာ ကြုံ့ကြုံ့လေးထိုင်၍မေးမိသည်။

"ခေါပုတ်ထောင်းနေတာလေ သားလေးရဲ့"

"အော့..အဲ့တာဘာလုပ်ဖို့လဲဟင်"

"စားဖို့ပေါ့ကွယ်..ခေါပုတ်ဆိုတာ ကောက်ညင်းကိုအဲ့လို့ထင်းပြီးမှရတာ ကြော်စားစား ဖုတ်စားစား သကြားလေးနဲ့တို့စားရင်အရမ်းကောင်းတာ"

"အဲ့တာဆိုလေ..ထောင်ပြီးရင် ကျွန်တော့်ကိုနည်းနည်းလောက်ပေးပါလားဟင်"

"အို..ဖွားက ဆရာရယ် ဆရာကတော်ရယ်ကိုစားစေချင်လို့လုပ်နေတာကို ဆရာ့သားလေးအတွက်မပါစရာလား ဖွားကိုယ်တိုင်ကြော်ပြီးပို့ပေးမှာပေါ့"

"ကျွန်တော်က ကျွန်တော်စားဖို့ပြောတာမဟုတ်ဘူး ဟိုဘက်အိမ်ကိုလေ သွားပေးချင်လို့ အိမ်နီးနားချင်းရင်းနှီးအောင်ပေါ့ ဟီး~~"

မြို့ဟောင်းလေး(vk){Complete}Donde viven las historias. Descúbrelo ahora