အပိုင်း(၄)

215 26 7
                                    

Zawgyi

ထယ်ယောင်း အိပ်ယာမှထကာ အခန်းပြင်ထွက်လာတော့...အပြင်ကစကားသံတွေကြားရသဖြင့် အိမ်ပြင်ထွက်ကြည့်မိသည်။

"ဟော..ဟိုမှာနိုးလာပါပြီ"

"လူလေး..အိပ်ပျော်ရဲ့လား"

အဘမောင်နဲ့ခွန်နောင်ဟာ ဝရန်တာရှေ့အပြင်ဘက်တွင် ခုံဖြင့်ထိုင်နေရင် သောက်လက်စရေနွေးကြမ်းကို ရှေ့စားပွဲပေါ်တင်ရင်းဆိုသည်။

"အိပ်ပျော်ပါတယ်အဘ"

"လူလေးညကယောင်တယ်ဆို.."

"ဟုတ်တယ်အဘရယ်..ဆောင်းတွင်းမို့ထင်ပါတယ် ခွန်နောင်အတင်းတုတ်ထားပြီထင်တယ်"

"အကိုကလည်း.."

ထယ်ယောင်း ထိုဝိုင်းကခုံတစ်ခုံမှာဝင်ထိုင်ရင်းဆိုလိုက်သည်။ အေးနေတဲ့အချိန်မို့ တိုက်ရိုက်ကျနေတဲ့ နေရောင်းခြည်က လူကိုနွေးထွေးစေသည်။
အဘမောင်ဟာ ခေါင်းတညိမ့်ညိမ့်လုပ်၍နားထောင်သည်။

"အဘ..အဘ.."

ထယ်ယောင်းတို့ဝိုင်းနားကခေါ်သံကြောင့် ထယ်ယောင်းလှည့်ကြည့်မိတော့ အဝါခြောက်ရောင်ရှမ်းရိုးယာထမိန်နှင့်အင်္ကျီကိုဝတ်ဆင်ကာ မဲနက်နက်ဆံပင်ရှည်တွေကိုကျစ်ဆံမြီးတစ်ချောင်းတည်းကျစ်ကာ ဘေးချထားသော ဖြူဖြူဥဥမိန်းကလေးတစ်ယောက်..

"ဟေမြေးလာပြီလား.."

ထိုမိန်းကလေးဟာ အဘမောင်ထိုင်နေရာခြေရင်းမှာ ဆောင့်ကြောင့်လေးထိုင်းရင်း အဘမောင်ကိုမော့ကြည့်ကာ ချစ်စရာကောင်းအောင်ပြုံးသည်။

"ကဲ..ပျော်ခဲ့ရဲ့လားမြေး.."

"ပျော်ခဲ့ပေမယ့်..ဘဘကိုလွမ်းလို့ကောင်းကောင်းတောင်မပျော်ခဲ့ရပါဘူးအဘရယ်"

"အမလေး..စကားကလည်းတတ်ပါ့ဗျာ"

"အဘပြောတယ် ဖူးဟွမ်ကလွိုင်မွေသွားတာဆို..ဘာသွားလုပ်တာတုန်း"

ခွန်နောင်ရဲ့အမေးကြောင့် ခွန်နောင်ဘက်လှည့်ကြည့်လာတဲ့ ထိုမိန်ကလေးမျက်နှာဟာ ဖြူဖွေနေသည့်အပြင်ပန်းရောင်သန်းလို့...
ရယ်လျက်ပင်..

"သူငယ်ချင်းမွေးနေ့သွားတာပါ အကိုနောင်..သူက လွိုင်မွေဘုရားကျောင်းမှာ အလှူပါလုပ်မှာဆိုလို့ စနေ၊တနင်္ဂနွေနှစ်ရက်လိုက်သွားတာ"

မြို့ဟောင်းလေး(vk){Complete}Where stories live. Discover now