Zawgyi
ခြံထဲတွင် ခေါက်တုန်ခေါက်ပြန်လျှောက်နေတဲ့ဂျွန်စံဟာ တစ်ယောက်တည်းဘာတြွေဖစ်နေမှန်းမသိ...
အိမ်ထဲကနာရီကိုတစ်ချက်လှန်းကြည့်တော့ညနေ၃နာရီကျော်လို့မိနစ်၂၀စွန်းနေလေပြီ...
သက်ပြင်းတစ်ချက်ချပြီး ခြံထဲကနှီးနဲ့ရက်ထားတဲ့ ထိုင်ခုံပေါ်ထိုင်ကာ ဘေးကသီတင်းစာကိုကောက်ဖွင့်လိုက်သည်။ သို့သော်..မျက်လုံးတွေကတော့စာမျက်နှာပေါ်မှာမရှိ ခြံရှေ့ကိုသာတကြည့်ကြည့်..ခါတိုင်းနေ့တွေဆို ၃နာရီထက်စောစွာရောက်တတ်တဲ့သူက ဒီနေ့ကျမှနောက်ကျလိုက်တာ မနေ့ကကိစ္စကိုစိတ်ဆိုးနေတာများလား..လာတာကိုသဘောကျနေတယ်လဲမဟုတ်ပေမယ့် မလာပြန်တော့လဲကိုယ်တာဝန်ယူသင်ကြားပေးနေတဲ့သူမလို့လားတော့မသိ မနေတတ်ပြန်..
ခြံရှေ့ကိုကြည့်နေရင်းတွေ့လိုက်ရတဲ့အရိပ်လေးကြောင့် မျက်လုံးတွေကိုသီတင်းစာဆီအမြန်လွဲပြီး အိန္ဓြမေပျက်စားဖတ်နေလိုက်သည်။ ခနနေတော့ကြားရပါပြီခေါင်းလောင်းသံလေး...
ထိုအခါမှ လက်ထဲကသီတင်းစာကိုချကာ ခြံတံခါးသွားဖွင့်ပေးရသည်။တံခါးဖွင့်ပြီး ဘာမှမပြောပဲမျက်မှောင်ကျုံ့ကာ မှင်သေသေနဲ့ကြည့်ပေးလိုက်တော့ ဟီခနဲ့ရယ်ပြလေသောသူ..ထိုအပြုအမူကြောင့် စိတ်မဆိုးမှန်းသိလိုက်ရသည်။
"ဟို..ဒီနေ့ နောက်ကျသွားတယ်
အိမ်မှာခရီသွားဖို့ပြင်ဆင်နေရလို့""ခရီ..ဘယ်ကိုသွားမလို့လဲ"
"တောင်ကြီး..တောင်ကြီးမီပုံးပျံပွဲသွားမလို့ နောက်နှစ်ရက်နေရင်ပွဲတော်ရက်ရောက်ပြီလေ"
ဂျွန်စံရဲ့ပြည်လျော့လုဆဲဆဲမျက်ခုံးဟာ ပြန်ကျုံ့သွားရသည်။ ဘာမှမပြောဘဲချာခနဲလှည့်ကာ ခြံထဲဝင်သွားသူကြောင့်ထယ်နဝါမှာအနောက်က အမှီလိုက်ရသေးသည်။ အရှေ့ကနေခပ်သွတ်သွတ်လျှောက်နေတဲ့ခြေလှမ်းတွေဟာ တစ်နေရာအရောက်တန့်ခနဲရပ်သွားသည်။
"ကျိုင်းတုံမှလည်း မီးပုံးပျံပွဲရှိတယ်"
"ဗျာ.."
"ကျိုင်းတုံသားဖြစ်ချင်ရင်ကျိုင်းတုံမှာနေမယ်ဆို ကျိုင်းတုံမီးပုံပျံနဲ့လောဖိုင်းကိုမြင်ဖူးမှပေါ့..အခုတော့ကျိုင်းတုံမှာလည်းမီးပုံပျံပွဲရှိပါလျက် တောင်ကြီးမီးပုံးပျံပွဲသွားမတဲ့လား ကျုပ်ဖြင့်မစဉ်းစားတတ်ပါဘူးထယ်နဝါ.."
YOU ARE READING
မြို့ဟောင်းလေး(vk){Complete}
Fantasyရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံရယ်လို့အမည်ရတဲ့ မြို့တစ်မြို့ရဲ့ တကယ့်ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်းတစ်ချို့ကိုထည့်သွင်းရေးသားထားဖြစ်ပါတယ်။ ဇာတ်ကောင်ပိုင်းတွေက စိတ်ကူးယဉ်သက်သက်ဖြစ်သည့်အလျှောက် ကိုယ်ညဏ်မှီသလောက်ရေးထားတာဖြစ်တဲ့အတွက် ရှေးခေတ်ရှမ်းပြည်အနယ်အ...