Zawgyi
ပြတင်းပေါက်ကနေတဆင့် အင်းလေးကန်ရေပြင်ကြီးဘက်မျက်နှာမူကာပါလာတဲ့ နွယ့်ပုံလေးကိုထုတ်ကြည့်မိသည်။ ဒီနေ့ကျမှအရင်ကထပ်ပိုပြီးလွမ်းလိုက်တာလေ...
သူဒီကိုရောက်နေတာတစ်ပတ်ပြည့်တော့မည်။ အလုပ်ကိစ္စလည်းပြီးပြီမို့ မနက်ဖြန်ကျိုင်းတုံကိုပြန်မည်။ တနည်းအားဖြင့်အချစ်ရဆုံးလူသားလေးဆီပြန်မည်။ ထိုလူသားလေးနဲ့ လက်ထပ်မည်။
ပြန်ရောက်ရင် ကောင်လေးကတော့သူ့အားကြာနေလို့ဆိုပြီး နှုတ်ခမ်းလေးထော်ကာ စိတ်ကောက်နေဦးမည်ထင်...အပြန်တောင်ကြီးတက်ရင် ကောင်လေးကြိုက်တဲ့မလိုင်တွေဝယ်သွားဦးမှပါလေ...
မနေ့ညကအိမ်မက်ထဲမှာနွယ့်ကိုတွေ့တယ် နွယ်ကလှလိုက်တာ ကြွကျေနေတဲ့ချယ်ရီပန်းတွေကြားပြေးလွှာပြီးဆော့နေလေရဲ့...
အတွေးနဲ့အတူခပ်ဆဆပြုံးရင်း ဇာတ်ပုံလေးအားအင်္ကျီအိတ်ကပ်လေးထဲပြန်ထည့်ကာ မနက်ပြန်ရန်ခရီဆောင်အိတ်ထဲအဝတ်တချို့ထည့်ကာ ပြင်ဆင်ရတော့သည်။
မနက်စောစောတည်းခိုးဆောင်ကနေထွက်လာခဲ့ပြီး တောင်ကြီးတက်မယ့်ယာဉ်ကြောဟာတရွှေ့ရွှေ့ ရွှေ့လျားလောခဲ့တော့သည်။ တောင်ကြီးမှာနွယ့်အတွက် မလိုင်တွေရှမ်ဝတ်စုံလှလှလေးတွေဆင်းဝယ်ဖြစ်ခဲ့သည်။ ရင်ဆိုင်ရမည့်ယောက်ခမကြီးတို့အတွက်ရောပေါ့....
တောင်ကြီးကနေ ကျိုင်းတုံပြန်ဆင်းမည့်ယာဉ်ကြော ခေါ်ဆောင်ရာနောက်လိုက်ကာ သူပြန်လာရင်ဆီးကြိုနေမည့်နွယ့်ပုံရိပ်လေးကိုတွေးရင်း တစ်ယောက်တည်းကြည်နူးနေမိပြန်သေး...အချစ်ဆိုတာဒီလိုပါပဲလား သူ့အကြောင်လေးတွေးရရင်ကိုကြည်နူးပီတိဖျာနေတာမျိုးပေါ့..
တစ်ညလောက်ခရီးဆက်ပြီးတော့ ကျိုင်းတုံမြို့သို့ရောက်ရှိလာခဲ့သည်။ တက်ကြွတဲ့ခြေလှမ်းတွေနဲ့အတူ လာကြိုတဲ့ကားပေါ်ခပ်မြန်မြန်တက်ကာ အိမ်ကိုအပြေးထွက်လာခဲ့ရသည်။ တစ်ပတ်ကျော်လုံးလုံးသူဘယ်လောက်တောင်လွမ်းနေခဲ့ရလဲ ပြန်တွေ့ရင်ဖျစ်ညစ်ထားမှာ...
ဂျစ်ကားလေးအိမ်ရှေ့အဆိုက် လက်ထဲအထုတ်ကြီးအထုတ်ငယ်နှင့်ကားပေါ်ကာဆင်းလာတော့ တွေ့လိုက်ရတဲ့ပြောင်းလဲနေသောပတ်ဝန်းကျင်ကြောင့် လက်ထဲကအထုတ်များပြုတ်ကျသွားရတော့သည်။
![](https://img.wattpad.com/cover/324291995-288-k1706.jpg)
YOU ARE READING
မြို့ဟောင်းလေး(vk){Complete}
Fantasyရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံရယ်လို့အမည်ရတဲ့ မြို့တစ်မြို့ရဲ့ တကယ့်ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်းတစ်ချို့ကိုထည့်သွင်းရေးသားထားဖြစ်ပါတယ်။ ဇာတ်ကောင်ပိုင်းတွေက စိတ်ကူးယဉ်သက်သက်ဖြစ်သည့်အလျှောက် ကိုယ်ညဏ်မှီသလောက်ရေးထားတာဖြစ်တဲ့အတွက် ရှေးခေတ်ရှမ်းပြည်အနယ်အ...