တောင်တွေအလယ်ကပွဲတော်

114 14 25
                                    

Unicode

အေးချမ်းစပြုနေသော ဆောင်းဝင်ခါစအချိန် ကွင်ပြင်ကျယ်၌လူတစ်စုဟာ စုရုံးစုရုံးဖြင့် အလုပ်ရှုပ်နေကြသည်။

ကောင်းကင်၌လည်း အဝါရောင်မီးပုံးလေးတွေဟာ ကြယ်လေးတွေပမာ အာကာယံအပြည့်ပျံလွင့်နေလေ၏။ ဘေးပတ်ပတ်လယ်တွေလည်း ကလေးတွေအပြင် ကလေးမကျလူကြီးမကျလူပျိုတွေရဲ့ဆော့ကစားမှုကြောင့် တဖောက်ဖောက်ဗျောက်သံတွေဟာလည်း ဆူညံလို့နေလေသည်။

အကြောင်းကတော့ မြန်မာသီတင်းကျွတ်ထက် တစ်လနီးပါးစောကျရောက်တတ်သော ရှမ်းသီတင်းကျွတ်ကြောင့်ပင်...

*ဖောက်!*

"အမေ့.."

ကောင်းကင်ပေါ်က မီးပုံးတွေအားကြည့်ရင်း ထယ်ယောင်းကြည်နူးမိနေတုန်း ခြေထောက်နားကနေကျယ်လောင်စွာ ထွက်ပေါ်လာတဲ့ပေါက်ကွဲသံကြောင့် လိပ်ပြာလွင့်မတတ်ဖြစ်သွားရသည်။

"လန့်သွားသလားနွယ်.."

"မောင်..ကလေးကုလား"

အနားကို သွားကြီးဖြဲပြီးရောက်လာတဲ့မောင်ဟာ လူကိုစရလို့သိပ်ပျော်နေသယောင်...

"ကလေးတွေဆီကခိုးလာတာလား.."

ထယ်ယောင်း ဂျောင်ကုလက်ထဲက ပင်လယ်ဓားပြဗျောက်ဘူးကြီးအားကြည့်ကာ ခနဲ့မေးလိုက်သည်။

"မဟုတ်ပါဘူး..ပြန်ဝယ်လာတာ"

"အား..အကိုခွန်နောင် ကြောက်ပါတယ်ဆို"

နားထဲသို့ခပ်စူးစူးအော်သံလေးကြာလိုက်ရတော့ ထယ်ယောင်းတို့ အသံလာရာနေရာကိုကြည့်လိုက်မိတော့ ခွန်နောင်မှာဖူးဟွမ်အား ဗျောက်တသီတတန်းကြီးနဲ့လိုက်စနေချင်းပင်..

"မကြောက်ပါနဲ့ဖူးဟွမ်ရယ်..လာအကိုပြမယ် ဘာမှကြောက်စရာမရှိဘူး ဖောက်ကြည့်ကြည့်"

"မဖောက်ပါဘူး ဖူးဟွမ်မဖောက်ရဲဘူး..မတော်လို့ လက်ထဲမှာပေါက်သွားရင် ဘယ်လိုလုပ်မလဲ"

You've reached the end of published parts.

⏰ Last updated: Oct 01, 2023 ⏰

Add this story to your Library to get notified about new parts!

မြို့ဟောင်းလေး(vk){Complete}Where stories live. Discover now