Zawgyi
ဒေါက်!ဒေါက်!ဒေါက်!ဒေါက်!
သူကပြောနေသော်လည်း..အဖြေသံမကြားရသည့်အပြင် တံခါးကိုလည်းအဆက်မပျက်ခေါက်နေတာကြောင့် ထယ်နဝါစာအုပ်အားဘေးချကာ တံခါးဖွင့်ရန်ထသွားလိုက်သည်။
တံခါးဖွင့်လိုက်တော့..
"အွန့်!!"
ရုတ်တရက်လက်တစ်ဖက်နှင့်ပိတ်ဆိုခြင်းခံလိုက်ရတဲ့ပါးစပ် မျက်နှာကိုအဝတ်စနှင့်စီးထားသော လူတစ်ယောက်ဟာသူ့အားအခန်းထဲအတင်းပြန်ဆွဲသွင်းလေသည်။
"အွန်း..အွန်း!!"
သူ့အထဲရောက်တော့ အခန်းထဲထပ်မံဝင်ရောက်လာတဲ့ မျက်နှာဖုံးနှင့်လူ၃,၄ယောက်ဟာ အခန်းအတွင်းပစ္စည်းတွေကိုမွှေနှောက်တော့သည်။
*ဘာတွေလဲ...ဘယ်ကလူတွေလဲ ဘယ်လိုအိမ်ထဲကိုရောက်လာတာလဲ*
ထယ်နဝါအော်မေးလိုက်ချင်သော်လည်း ပါးစပ်ပိတ်ထားသည်ကြောင့်တအွန့်အွန်းသာအသံထွက်နေရသည်။
သူ့လိုခပ်သေးသေးလူဟာ အနောက်ကချုပ်ထားသည့်သူရဲ့အားသန်မှုကြောင့် ဘယ်လိုရုံးရုံး ရုံး၍မရ.."ဒီထဲမှာတော့မရှိလောက်ဘူးထင်တယ်"
"မြန်မြန်ရှာကြပါကွာ..ဒီမှထိန်းထားရတာမောတယ်"
"လှုပ်ယွနေတာကို ဘာလို့ဒီအတိုင်းထားနေသေးလဲ"
"အွန့်!!"
အဖွဲ့ထဲကလူ၏စကားအဆုံး ဗိုက်ပေါ်သို့ကျရောက်လာတဲ့ကန်ချက်နှင့်လက်သီးချက်တချို့...ညနေကငိုထားတဲ့ဒဏ်ရော အဖေထိုးတာခံထားရတဲ့ဒဏ်ကြောင့် အနောက်ကလူကလွှတ်ချလိုက်ချိန် လူကကြမ်းပြင်ပေါ်ခွေခနဲ...
*ဘယ်သူတွေလဲ..ဘာအတွက်ကြောင့်ဒီလိုတွေလုပ်နေတာလဲ အဖေတို့အမေတို့ကရော*
ခေါင်းထဲမှာမေးစရာတွေစုံနေပေမယ့် မမေးလိုက်နိုင်ခင်မှာတင် ဗိုက်ပေါ်ထက်မံကျရောက်လာတဲ့ကန်ချက်တွေ..
"ဘာ..အာ့!!"
ဗိုက်ပေါ်တက်ခွကာ ပါးပြင်ပေါ်ရောက်လာတဲ့ခပ်ပြင်းပြင်းထိုးချက်တွေကြောင့် အတင်းရုန်းကန်ရသည်။ ရုန်းရင်းကန်ရင်းမှာပင် ကျွတ်ကျသွားသည့်ထိုလူ၏မျက်နှာပေါ်ကအဝတ် တစ်ခါးမှမမြင်ဖူးတဲ့မျက်နှာဟာ ခပ်ဖြူဖြူပင်...
YOU ARE READING
မြို့ဟောင်းလေး(vk){Complete}
Fantasyရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံရယ်လို့အမည်ရတဲ့ မြို့တစ်မြို့ရဲ့ တကယ့်ဖြစ်ရပ်မှန် ဖြစ်ရပ်ဆန်းတစ်ချို့ကိုထည့်သွင်းရေးသားထားဖြစ်ပါတယ်။ ဇာတ်ကောင်ပိုင်းတွေက စိတ်ကူးယဉ်သက်သက်ဖြစ်သည့်အလျှောက် ကိုယ်ညဏ်မှီသလောက်ရေးထားတာဖြစ်တဲ့အတွက် ရှေးခေတ်ရှမ်းပြည်အနယ်အ...