အပိုင်း(၂၇)

149 24 5
                                    

Unicode

"ဂျောင်ကု"

"ခဗျာ"

"ကျိုင်းတုံကအကျယ်ကြီးသာထင်ရတာ ကျဉ်းကျဉ်းလေးနော်"

"ဟုတ်ပဗျာ...ဒါမယ့် ကျွန်တော်တချို့လမ်းတွေဆိုသိပ်မမှတ်မိဘူး"

"ဟုတ်ပလမ်းဂျိုလမ်းကြားအရမ်းများတာပဲ"

ထယ်ယောင်းတို့အခု သစ်တစ်ပင်တောင်အောက်နားက တစ်မြို့လုံးကိုမြင်ရသည့်viewpointမှာထိုင်ရင်းစကားပြောနေကြသည်။ အနားကခုံတွေမှာတော့အတွဲတွေနဲ့ပေါ့....

သူနဲ့ဂျောင်ကု အခုနောက်ပိုင်းနေ့တိုင်းတွေ့ဖြစ်ကြသည်။ ညရောက်ရင်လည်း ဘာရယ်မဟုတ် ဖုန်းနဲ့တမျိုး..စာနဲ့တမျိုးညလုံးပေါက်စကားပြောဖြစ်ကြသည်။ မနက်ကဖြစ်ခဲ့တာတွေကိုစမြုတ်ပြန်တတ်ကြသည်ပေါ့...

"အကို.."

"ဟင်"

"မနက်ဖြန်စောဘွားဈေးရှိတယ်..အတူတူသွားရအောင်လေ"

"ဘယ်နားမှာလဲ"

"အကိုတို့နေတဲ့နေရာရှေ့ကလမ်းမပေါ်မှာပဲလေအကိုတို့ဝန်းရှေ့မှာ ဟိုလိုစက်ဆီလိုလိုဘာလိုလိုနဲ့အကွက်တွေအများကြီးမြေကြီးပေါ်ဆွဲထားတာတယ်လေ"

"အင်း..တွေ့တယ်"

"အဲ့တာသူတို့ဈေးရောင်းမယ့်နေရာတွေကိုသတ်မှတ်ထားတာ အဲ့နားကနေစပြီး ပါလျှံတံခါးကနေ ဟို..မဟာမြတ်မုနိဘုရားဘက်ထိဈေးတွေရောင်းကြတာ ရိုးရာပေါ့ နှစ်တိုင်း3လပိုင်းကလေးတွေစာမေးပွဲအကုန်ပြီးတဲ့အချိန် ရက်တွက်ပြီးလုပ်ကြတာ"

"ဟုတ်လား"

"အင်း...အဲ့ဈေးကိုလျှောက်ရင် တစ်နှစ်လုံးကျန်းမာတယ်လို့သူတို့ကယုံကြည်ကြတာ"

"ဘာတွေရောင်းကြတာလဲဟင်..."

"အစုံပါပဲ...အစားအသောက်တွေအဝတ်အထည်တွေရိုရာပစ္စည်းတွေ အကုန်ပဲ..သာမန်ဈေးနဲ့ကွဲသွားတာတွေတော့ရှိတယ်"

မြို့ဟောင်းလေး(vk){Complete}Where stories live. Discover now