အပိုင်း ၄

5.3K 138 2
                                    

EP 4

မောင်းလာသည့်ကားလေးမှာတရွေ့ရွေ့နှင့်ရန်ကုန်မြို့ပြင်သွားသည့်လမ်းကိုဦးတည်ပီးလာခဲ့တယ်

🚗🚗🚗

နောက်ဆုံတော့ရောက်ရှိလာပါပီ။

လွန်း..မြင်လိုက်ရသည့်မြင်ကွင်းကြောင့်ဆွံ့အနေမိသည်။

မြင့်မားလှသည့်နံရံတံတိုင်းများကကြက်သွေးရောင်ဆေးခြယ်ကာရွှေဝါရောင်တံခါးကြီးနဲ့ဖြစ်ပြီး ထိုတံခါးကြီးမျိုးကို လွန်းတသက်မမြင်ဘူးပါ ခမ်းမားသည့်ရွှေဝါရောင်တံခါးကြီးဘေးနှစ်ဖက်တိုင်လုံးကြီးများတွင်တော့​ခြင်သေ့ရုပ်ထုကြီးနှစ်ခုရှိသည်။

တံခါးကြီးကဖွင့်လာပီးမြင်လိုက်ရသည့်လမ်းမကြီးကကြက်သွေးရောင် လမ်းမကြီးဘေးတွင်သစ်ပင်ကြီးမားကအုံမှိုင်းလျှက်။

ထိုစဥ် လွန်းခေါင်းထဲဝင်လာသည့်အတွေးက
(ဒါသစ်တောကြီးလား ဒီလိုနေရာမျိုးကရန်ကုန်မှာရှိလို့လား)

မြင်တွေ့သမျှကိုတမေ့တမော ကြည့်နေသည့်လွန်းအာရုံတို့ကို ထပ်မံဖန်းစားလိုက်သည်က မုန်းတံတိုင်းတို့အိမ်ကြီးပဲဖြစ်သည်။

နှစ်ထပ်တိုက်ကြီး အောက်ထပ်တစ်ထပ်တင်ကလွန်းတို့အိမ်နှစ်ထပ်စာလောက်ရှိတယ်

အိမ်မကြီးတံခါးကတော့ရွှေသားအတိနှင့်လုပ်ထားသလိုဝါဝင်းအိစက်နေသည်

"ကျီ"

ကားရပ်လိုက်သည်နှင့်တံခါးလာဖွင့်ပေးသည့်လူနတစ်ယောက်။

လွန်းကားပေါ်ကဆင်းလိုက်သည်နှင့်

အသက်ခပ်ကြီးကြီးမိန်းမကြီးက ဦးညွှတ်ကာ

"သခင်လေး ကြွပါ သခင်ကြီးစောင့်နေပါတယ်"

"ဟုတ်ကဲ့"

လွန်းလည်းထိုအမျိုးသမီးကြီးခေါ်ရာလိုက်လာခဲ့သည်

မြင့်မားလွန်းသည့်အိမ်ကြီးရဲ့အတွင်းပိုင်းကလွန်းထင်ထားတာထက်ကိုသားနားလှပါသည်

မီးဆိုင်းကြီးကလည်းထည်ဝါစွာရှိပြီး အတော်ကြီးလွန်းသည်။

ကြမ်းခင်းကြွေပြားတွေဆိုတာကလည်းဝင်း​ပြောင်ကာတအိမ်လုံးတန်ဖိုးကြီးပစ္စည်းတွေအပြင် လွန်းမ​​မြင်ဘူးသည့်
အိမ်တွင်းပစ္စည်များ

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now