အပိုင်း ၄၅

3K 66 6
                                    

ep 45

တစ်နှစ်ခန့်ကြာသော်...

လွန်း company သွားမှာကို သားအား အခုထိလက်က မချသေးသော မုန်းအား ထိုင်စောင့်နေသည်မှာ နာရီဝက်မျှကြာနေပြီဖြစ်သည်။

လွန်း ကုတင်ပေါ်ထိုင်နေရာက ထကာ သားကိုချီထားသော မုန်းအနားလျှောက်သွားလိုက်သည်။

"ကိုကို အလုပ်သွားတော့လေ ပေးသားကို "

လွန်း သားအားချီဖို့ လက်လှမ်းလိုက်တော့ ကိုကို့လက်ပေါ်က သားက လွန်းခေါ်တာကို မလိုက်ဘူးဆိုသည့် အမူယာနှင့် မုန်းလည်ပင်းကိုလက်သေးသေးလေးနှင့်ဖက်ကာ ခေါင်းယမ်းပြနေသည်။

"သား...မဟာလေး လာပါးပါးစီကို "

"ဝါဝူး...ဒီဒီနဲ့ ဝိုက်မွာ"(လာဘူး...ဒယ်ဒီနဲ့လိုက်မှာ)

မပီကလာ ပီကလာနဲ့ ပြောနေတဲ့သားက ဘယ်လိုခေါ်ခေါ်မရပေ။ မုန်းကလည်း ကပ်တွယ်နေသည့် သားကို လက်လွှဲပေးဖို့ စိတ်ကူးရှိပုံမပေါ်ပါ။

"မဟာ...သားဒယ်ဒီက အလုပ်သွားရအုန်းမှာလေသားရယ် လာပါးပါးစီ...အောက်ထပ်ကရေခဲမုန့်သွားစားကြမယ်"

"ချားဝူး...ဒီဒီနဲ့ ဝိုက်မွာ ဘာခို"(စားဘူး ဒယ်ဒီနဲ့ လိုက်မှာပါဆို)

"ကဲ ကိုကိုရေ နည်းနည်းပါးပါး ကူပြောပါအုန်း"

သားကိုမနိုင်တော့လို့ မုန်းအားလွန်းစစ်ကူတောင်းလိုက်သည်။

"အချစ်ကလည်းကွာ သားနဲ့ခနလောက်နေပါရစေအုန်း ပီးမှသွားလည်း ရပါတယ် "

လွန်း မနိုင်စိန်နှစ်ယောက်ကို ပြောလို့မရတာနဲ့ စိတ်ကောက်ကာ အခန်းထဲကထွက်လာလိုက်သည်။

အောက်ထပ်ရောက်တော့ ကြီးမြနဲ့စကားပြောနေတဲ့မှိုင်းကိုတွေ့လိုက်ရသည်။

"မှိုင်း ဘာကိတ်လဲ"

"ဒီတိုင်းပါပဲ မဟာလေးကိုသတိရလို့"

လွန်း ညစ်ပြုံးပြုံးလိုက်ကာ မှိုင်းပခုံးကိုဖက်ပြီး ပြောလိုက်သည်။

"မနေ့ကတောင် စစ်မှုး ငါတို့စီ ဖုန်းဆက်သေးတယ်ကွ"

"အဲ့တော့ ငါနဲ့ဘာဆိုင်လည်း"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now