အပိုင်း ၂၇

2.5K 63 3
                                    

Ep 27

လွန်းနိုးထလာတဲ့အချိန်ဆောင်းတွင်းရဲ့အအေးက အတော်ကိုခိုက်ခိုင်တုန်စေသည်။ အမှတ်တမဲ့ ဆောင်ကိုအားရပါးရဆွဲလိုက်တော့ လက်ကနာကျင်မှုကအသည်းခိုက်လှသည်။

"လွန်း နိုးပီလား အိပ်ရေးမဝပဲနေအုန်းမယ် ပြန်အိပ်အုန်းလေ"

မုန်းညက တညလုံးကောင်းကောင်းမအိပ်ရသောလွန်းအားစိတ်ပူကာ သူလည်းတရေးမှမအိပ်ရပါ။ ဆောင်းတွင်းမှာဖြစ်သောကြောင့် ညက လွန်းခမျာတညလုံး ညီးညူကာ မျက်ရည်စက်လက်ဖြစ်ခဲ့ရသည်။

"ဟင့်အင့် ကိုကို လွန်းမအိပ်ချင်တော့ဘူး အိပ်လို့လည်းမရတော့ဘူး မျက်စိကြောင်သွားပီ "

လွန်းကိုကို့အား ပြုံးပြကာပြောလိုက်သည်။အပြုံးတို့က အားပျော့နေသည်ကိုပင် ကိုကိုကသတိပြုမိသည်ထင်ပါရဲ့ လွန်းပါးပြင်လေးအားဖိကပ်နမ်းရင်း...

"လွန်း ကိုကိုလေ လွန်းကို သိပ်ချစ်တယ်သိလား ဒါကြောင့်မို့ လွန်းက ကိုကိုအချစ်လျာ့သွားမှာကိုတွေးပူစရာမလိုဘူး ကိုကို့ကို လွန်းအများကြီးပစ်မကြွေဖို့သာ ကြိုးစားနော်အဆိုးလေး"

"မရဘူးလေ ကိုကိုနော် လူကိုအဲ့လိုအပြောလေးတွေနဲ့ လာလာမခြွေနဲ့ဗျ ဒီလူကအရင်ကတည်း ကိုကို့ရဲ့အပြုံး၊ကိုကို့ရဲ့အပြော၊ကိုကို့ရဲ့တော်ကီတွေကြား တဖြုတ်ဖြုတ်ကြွေနေပီးသားဗျ မွ"

နှုတ်ခမ်းလေးထော်ကာပြောလာပီး ပါလေးအားအသံမည်အောင်နမ်းနေတဲ့မုန်းရဲ့အဆိုးလေး

"လာထမနက်စာစားရအောင် ကိုကိုမျက်နှာသစ်ပေးမယ်"

"ဟုတ် ....အမလေး....ကိုကို!"

လွန်းကိုယ်လေးကို ပွေ့ချီကာ ရေချိုးခန်းထဲကဘေစင်ဘောင်လေးပေါ်ချပေးပီး သွားတိုက်ဆေးလေးထည့်ပေးတယ်၊ပလုတ်ကျင်းဖို့ရေပေးပီး မုန်းကိုယ်တိုင်မျက်နှာနုနုလေးအား အသာလေးထိကာတယုတယလေးမျက်နှာသစ်ပေးနေသည်။ လွန်းကတော့ ပတ်တီးစည်းထားတဲ့ညာဘက်လက်လေးကိုရေမဆိုအောင်အထက်သို့အနည်းငယ်မြှောက်ထားလိုက်သည်။

ဒါဏ်ရာအရှိန်နဲ့လွန်းဟာ ကိုယ်ငွေ့အနည်းငယ်နွေးနေတာကြောင့်ရေတော့မချိုးပေးတော့ပါ။ရေချိုးခန်းထဲကနေထွက်လာပီးတော့ လွန်းကိုကုတင်ပေါ်အသာယာလေးချပေးကာ တဘက်လေးနဲ့ဖွဖွလေးသုတ်ပေးလိုက်သည်။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now