အပိုင်း ၄၆

2.6K 61 3
                                    

ep 46

"ဒယ်ဒီ...ပါးပါးဘာဖြစ်တာလဲဟင်...နေကောင်းဝူးလား"

နှစ်နှစ်ကျော်နေပြီဖြစ်သည့် မုန်းမဟာသွေးလေးက အတော်စကားတက်ကာ ဥာဏ်ကောင်းလှသည်။

"သား...ပါးပါး.အစာမကြေတာဖြစ်မယ်..ခန..ဒယ်ဒီလိုက်သွားလိုက်အုန်းမယ်"

"ဟုတ်ဒယ်ဒီ"

မဟာလေးက မနက်စာစားကြရင်း ရုတ်တရက်ထအန်သော လွန်းကြောင့် ဖင်တကြွကြွဖြစ်နေသည်။

မုန်းလည်း ဘေစင်တွင် ခေါင်းစိုက်နေသော လွန်းရဲ့ ကျောလေးအား အသာနှိပ်ပေးလိုက်သည်။

"အအေးပတ်တာလား လွန်းရယ်...ဒါမှမဟုတ် အစာမကြေရင်ပြည့်ရင်ကယ် ဖြစ်တာလား"

"အော့...အော့...မသိပါဘူး...အော့...ကိုကိုရယ်..အေ့...ဒီတိုင်းဘာမှစားမရတာ"

"ဆရာဝန်ခေါ်လိုက်မယ်လေ နော်လွန်း"

မုန်း ချစ်ရသူလေးကို လေပြေအေးလေးနှင့်ဖြောင်းဖျနေသည်။ မဟုတ်ရင် လွန်းကဂျစ်တိုက်နေအုန်းမှာ ဆရာဝန်မပြချင်ဘူးလို့။

လွန်း ရင်ဘက်ထဲပြည့်ကာ အန်နေပေမယ့် ဘာအဖတ်မှ ထွက်မလာပါပဲ လေတွေသာအန်နေရသည်။ ရင်ဘတ်ကြီးထဲ တင်းကျပ်နေကာ အူအတွင်းနံရံများလည်း ညှစ်ဖျစ်အန်ထားရတာမို့ အောင့်နေလေပြီဖြစ်သည်။

မုန်းက လွန်းအား ဘေးကနေ အသာယာထိန်းကိုင်ကာ ဧည့်ခန်းကခုံပေါ်သို့ အသာထိုင်စေသည်။ ပြီးတာနှင့် ထမင်းစားခန်းပြန်ဝင်ကာ ရေခဲသေတ္တာထဲက ရေအေးအေးလေးခပ်ပေးကာ လွန်းအားတိုက်လိုက်သည်။

လွန်း ရေအေးအေးလေး သောက်လိုက်တော့မှ မမောပြေသွားရသည်။

"လွန်း ကိုကို့အချစ်လေး နေသာရဲ့လား"

"ဟုတ်ကိုကို...နည်းနည်းတော့ သက်သာပါတယ်"

"ခနနော် ကိုကို ဆရာဝင်ဖုန်းဆက်လိုက်အုန်းမယ်...ခနလေးပဲ"

"ဟုတ် ကိုကို"

ဆရာဝန်သံကြားတာနဲ့ လွန်းနှုတ်ခမ်းလေး အနည်းငယ် ထော်လာသည်။ ဒါပေမယ့် မခေါ်နဲ့ လို့တော့ ဂျစ်မတိုက်တော့ပေ။ သူတကယ်ပင်ပန်းနေလို့။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now