အပိုင်း ၂၄

2.7K 77 0
                                    

EP 24

ဧည့်သည်လာတယ်ဆိုလို့ မုန်းအောက်ထပ်ဆင်းလာတော့ လာလည်သည့်ဧည့်သည်က ပြည့်စုံအောင်။ပြည့်စုံအောင်က မုန်းနဲ့ စီးပွားတူမိတ်ဆွေတွေ ပီးတော့အဖိုးနဲ့လည်းသားချင်းမကင်းပေ။ အဖိုးညီရဲ့မြေးတဲ့ မုန်းနဲ့ကတော့ညီအကိုတွေလိုပါပဲ သူကမုန်းထက်အနည်းငယ်ငယ်သည်။

"အကို အလုပ်များနေလား"

"မများပါးဘူးကွာ လာရင်းကိုဆိုစမ်းပါအုန်း"

ပြည်စုံအောင်က သက်ပြင်းသဲ့သဲ့ချပီးမှ

"ဒီလိုပါအကို ကျွန်တော့ကောင်လေးနဲ့ ကျွန်တော့ကိုအိမ်ကသဘောမတူဘူးအကို.. ဒါပေမယ့်ကျွန်တော်သူ့ကို သိပ်ချစ်တယ်အကိုရယ် သူကလည်းကျွန်တော့ကိုချစ်ပါတယ်"

"အင်း ဆက်ပြောပါအုန်း"

"အိမ်ကအကြောင်းကိုလည်း အကိုသိတဲ့အတိုင်ပဲ အခုလုံးဝခါးခါးသီးသီးဖြစ်နေတာ.. ဒုက္ခပေးကြလိမ့်မယ်ဆိုတာကျွန်တော် သိနေတယ်ဗျာ.. ကျွန်တော့ကောင်လေးတွက်အလုံခြုံဆုံးက အကို့အရိပ်မို့ပါဗျာ ကူညီပါ"

"တခြားသူသာဆို အကိုမကူညီနိုင်ပေမယ့် မင်းမို့အကိုကူညီမေးမယ် တခုပဲ အကို့စည်းကမ်းကိုလိုက်နာမှရမယ်နော်"

"ဟုတ်ကဲ့ပါအကိုရယ် ကျွန်တော်ပြောပြထားပါ့မယ်"

"ဟုတ်ပီ ဘယ်နေ့လာမှာလဲ"

"အခုပါလာတယ်အကို "

"အင်း ခေါ် လိုက်ပါ"

ပြည့်စုံအောင်သွားခေါ်တုန်း သူလည်းအပေါ်ထက်တက်ပြီး ချစ်ကသူကိုသွားခေါ်သည်။လွန်းလည်းသိထားရမယ်လေ ဒါမှအခြေအနေအကဲခတ်ပီး လွန်းနဲ့အဆင်မပြေရင် တခါတည်းလုပ်သင့်တာလုပ်ရအောင်လို့ပေါ့။

"လွန်း "

ရုတ်တရက်ခါးကိုလာဖတ်ကာ ဂုတ်လေးကိုနမ်းရှိုက်နေတဲ့သူကြီး။

"လွန်း အိမ်ကိုဧည့်သည်တစ်ယောက်လာနေမယ် ကိုကို့မိတ်ဆွေရဲ့ကောင်လေး........"

မုန်းအကြောင်းစုံ ပြောပြလိုက်တော့လွန်းက

"ကောင်းတာပေါ့ကိုကို လွန်းလည်းအဖော်ရတာပေါ့ ပီးတော့သူများတွေပေါင်းရဖို့အားတက်သရောကူညီသင့်တယ်"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now