အပိုင်း ၃၅

2.8K 79 8
                                    

ep 35

"ဒေါက်...ဒေါက်...ဒေါက်..."

Mone Group ရဲ့ meeting အခန်းထဲကceo မုန်းဟာ လက်ထဲကဘောပင်ကို စားပွဲခုံးကိုတဒေါက်ဒေါက်နဲ့ခေါက်ကာ မိမိရှေ့က ရှယ်ယာရှင်တစ်ဦးတင်ပြသော အကြောင်းအရာကို စိတ်မပါစွာနားထောင်နေသည်။

"ceo ခင်ဗျာ အခုလတ်တလော အသစ်ဖွင့်ထားတဲ့ဟိုတယ်ကြေညာကို နမည်ကြီးမင်းသမီးနဲ့ရိုက်ရင်ကောင်းမလားလို့ပါ"

ဦးညာန ပြောသောစကားကို မုန်းအကြောင်းမပြန်ခင် ဦးဝင်းနောင်က

"အဟွန်း..ceoခင်ဗျာ ကျွန်တော်ကတော့နမည်ကြီးနဲ့မရိုက်ပဲတက်သစ်စ မျက်နှာသစ်မော်ဒယ်မလေးတွေနဲ့ရိုက်ရင် ပိုကောင်းမယ်ထင်ပါတယ် ဝယ်လတ်တွေအတွက်အသစ်အဆန်းဖြစ်ပီးအမြင်သစ်ရစေတာပေါ့"

ဦးညာနက နှာခေါင်းရှံ့ကာ

"အိုဗျာ..ဦးဝင်းနောင်ကလည်း မျက်နှာသစ်တွေဆိုမှာတော့ စသုံးရင်အဆင်ပြေမှာ မဟုတ်ဘူးလေ နမည်ရပီးသားသူတွေဆိုတော့လုပ်ရကိုင်ရအဆင်ချောတာပေါ့"

"အခတ်အခဲတွေဆိုတာကတော့ ဘယ်နေရာမှာမဆိုကြုံတက်တာပဲလေ ဒါကိုတွေးကြောက်မနေပါနဲ့ဗျာ ပီးတော့အသစ်လေးတွေကိုလည်း မြေထောင်မြောက်ပေးပီးသားဖြစ်တာပေါ့"

မုန်း ဘာတခွန်းမှဝင်မပြောသေးပါ။ နားတော့အတော်ညဥ်းနေပီး စိတ်ကလည်းအိမ်မှာကျန်ခဲ့တဲ့ လွန်းကိုစိတ်ပူနေမိသည်။

အခုတလော ကိုယ့်အချစ်လေးလွန်းက ချူချာလွန်းသည်မဟုတ်လား။

"မော်ဒယ်အသစ်လေးတွေကို စင်တင်ပေးတာကိုယ့်အလုပ်မှမဟုတ်တာ သူတို့အလုပ်ကို ဦးဝင်းနောင်က ဘာဆိုင်လို့ကူညီချင်တာလည်း အဟွန်းမဟုတ်မှစပွန်ဆာလေးတွေမို့လား"

ပြုံးဖြဲဖဲနဲ့ပြောလာတဲ့ ဦးညာနစကားက စားနေကြကြောင်ပါးအချင်းချင်း အကဲသိနေသလိုဖြစ်သည်မို့ ဦးဝင်းနောင်အီလည်လည်ဖြစ်သွားရသည်။

"ဟို ကျုပ်က..."

"ဒုန်း!"

အားပြင်းပြင်းနဲ့ စားပွဲခုံထုသံကြောင့် အားလုံးပါးစပ်ပေါက်တွေ အော်တိုပိတ်သွားကြသည်။ဘယ်လိုရှယ်ယာရှင်ကြီးတွေက စီးပွားရေးထိပ်တန်းက ဖြစ်နေပေမယ့် သူတို့အားလုံးထက်ငယ်တဲ့မုန်းကိုတော့ဖင်တုန်အောင် ကြောက်ကြရသည်။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now