အပိုင်း ၁၄

3.6K 78 9
                                    

EP 14

"အ့...ကျွတ်...နာလိုက်တာ..."

ရင်ခွင်ထဲကလှုပ်စိလှုပ်စိဖြစ်လာတဲ့ ကိုယ်လေးကြောင့်မုန်းနိုးလာခဲ့ပြီး..

"အရမ်းနာနေသေးတာလား...ကိုယ်စိတ်မထိန်းနိုင်လို့ပါ"

"ဘယ်တုန်းကထိန်းနိုင်လို့လည်း ခများက"

ဆူပုတ်ပုတ်လေးနဲ့ပြောလာတဲ့ခလေး မုန်း လွန်းကိုယ်လေးကိုပတ်လက်လှန်ပီး အပေါ်ကအုပ်မိုးတော့ မျက်လုံးဝိုင်းလေးတွေနဲ့ ကြည့်လာတဲ့ သူ။

"မထနိုင်ရင်လည်း ဒီနေ့နားလိုက်လေ မနက်ဖြန်မှလည်ကြမယ် မွ.."

နှဖူးလေးကိုနမ်းကာပြောလိုက်တော့ မုန်းရဲ့လည်တိုင်လေးကိုဖက်တွယ်ရင်း လွန်းကပြောလာသည်။

"ဟင့်အင်း ရတယ် သွားကြမယ်နော် "

"လွန်းသဘောပါပဲဗျာ ထရေချိုးရအောင်"

ဒီနေ့တော့ မုန်းရောလွန်းရော မြန်မာပုဆိုးလေးတွေနဲ့  shirtလက်ရှည်လေးတွေ ဆင်တူနဲ့ဖြစ်သည်။

မနက်စာကိုအပြင်မှာပဲစားမှာမို့ စစ်မှုးသွင်နဲ့ သုံးယောက်သားကားနဲ့ထွက်လာခဲ့ကြသည်။

မုန်းတို့အခုရောက်နေတာက မြစေတီကျော်စာ...

စပ်စုစိန်လေးကတော့စစ်မှုးသွင်ပြောသမျှကိုသေချာနားထောင်နေလေသည်။

"မြစေတီကို ကျန်စစ်သားမင်းကြီးရဲ့သားတော် ရာဇကုမာရ် ကခမည်းတော်ကျေးဇူးကို အောက်မေ့ရည်မှန်းကာ ဘုရားတည်ရင်း မြစေတီကျောက်စာကို ရေးထိုးခဲ့တာလေ ​ကျောက်စာမှာဆိုရင် ပါဠိ၊မွန်၊မြန်မာ၊ ပျူဘာသာတို့နဲ့ရေးထိုးခဲ့ပြီးတော့  မြစေတီကျောက်စာတိုင်ရဲ့အမြင့်က ၅၅လက်မရှိပြီး လေးဖက်လုံးအကျယ်က ၁၄လက်မရှိတယ် အကိုလွန်းရဲ့"

"ရှေးရှေးတုန်းကလူကြီးတွေက တကယ်အမျှာ်အမြင်ကြီးတာပဲနော် ပီးတော့စွမ်းဆောင်ရေတွေလည်းမြင့်မားတယ်တကယ်လေးစားဖို့ကောင်းတယ်"

"ဟုတ်တယ်အကိုလွန်းရဲ့ မြန်မာမှန်ရင်ပုဂံရောက်ဖူးရမယ်တဲ့ မြန်မာ့ယာဥ်ကျေးမှုအစစ်အမှန်တွေ ကပုဂံမှာမှရှိတာ ပုဂံကသမိုင်းဝင်အထင်ကရနေရာတခုပဲလေ"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now