အပိုင်း ၁၃

3.9K 94 8
                                    

EP 13

"မရဘူးနော် ခများမညစ်ပတ်နဲ့ မရဘူးဝတ်ရမှာပဲ"

"ကိုယ်နဲ့အဆင်ပြေမှာမဟုတ်​ဘူးလေကွာ လွန်းပဲဝတ်ပါနော် ကိုယ်မဝတ်ချင်လို့ပါ"

"မရပါဘူးနော် မဝတ်ရင်လည်းရတယ်လေ ဒီကသေချာဆင်တူဝတ်ရအောင် ဝယ်လာတာကို"

"ကိုယ် ...က"

"ရတယ် ရတယ် မဝတ်နဲ့ စစ်မှုးသွင် ကိုပဲဝတ်ခိုင်းလိုက်မယ် coupleဖြစ်သွားတာပေါ့"

"အ့...အ့...ဘာလုပ်တာလဲ"

"မဝတ်ခိုင်းရပါဘူး ဘာလို့သူနဲ့အတူတူဝတ်ရမှာလဲ ပေး....အဲ့တာ ကိုယ်ပဲဝတ်မယ်"

တကယ်ပါ မုန်းတံတိုင်းဆိုတဲ့လူက လွန်းစစ်သွေးဆိုတဲ့ ချစ်မဝလေးနဲ့မှ မလုပ်ဖူးတာမရှိလောက်အောင်ဖြစ်နေသည်။

အခုလည်းသူဝယ်ထားတဲ့ ပုဂံဝမ်းဆက်ကိုဝတ်ခိုင်းနေတာမို့..

ဘယ်တက်နိုင်မလဲ ချစ်ရတော့လည်း ချစ်သူ့အလိုကျပေါ့

"ဝတ်မယ်ဆိုလည်း ဖယ်ပေးတော့လေ"

"ပြွတ်...လွန်း...ချစ်တယ်...အရမ်းချစ်တယ်"

တဖြည်းဖြည်းထပ်မံနီးကပ်လာတဲ့မုန်းရဲ့မျက်နှာလေး...

"ဟို...နောက်ကြနေပီ မြန်မြန် သွားရအောင်"

ပြောပီးမုန်းကိုယ်ကြီးကိုတွန်းဖယ်ကာ အဝတ်လဲခန်းထဲဝင်သွားတဲ့ကျောပြင်လေးကို မုန်းအကြောင်းမဲ့ ကြည့်နေမိသည်။

အဝတ်စားလဲပီးထွက်လာတဲ့လွန်းကို အကြည့်မလွှဲဖြစ်နေတာကတော့ လွန်းရဲ့အိမ်ဦးနတ်ကြီးမုန်း

အဖြူရောင်အင်္ကျီလေးက ဖြူဝင်းနေတဲ့အသားရေလေးနဲ့ရောနေသလိုထင်ရတယ်။ လက်ရှည်ပင်မယ့်တံတောင်ဆစ်အောက်နားထိပဲမလို့ လက်ကောက်ဝတ်သေးသေးလေးတွေနဲ့စိမ်းဖန့်ဖန့်သွေးကြောလေးတွေ။

ရင်ဘက်ကကျယ်သီးတစ်လုံးကိုမတပ်ပဲထားထားတော့ပေါ်နေတဲ့ညှပ်ရိုးတစုံ...

နှဖူးပေါ်ဝဲကြနေတဲ့ဆံပင်ခပ်အုပ်အုပ်ကလေး...

အဖြူရောင်အင်္ကျီလေးကိုမှ ကနှုတ်အမဲလေးတွေကြောင့်ထင်ပေါ်နေတဲ့မျက်နှာကလေး။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now