အပိုင်း ၁၅

3.4K 85 9
                                    

EP 15

ဘကြီးမိုး သီချင်းအဆုံးထ ထွက်သူက အခုလွန်းအခန်းပြန်ရောက်တာတောင်သူကပြန်ရောက်မလာသေးပေ။

"နေပစေပေါ့ ပြန်လာမှစိတ်ကောက်ပြမယ်"

စောင့်နေရသူကပင် TVကြည့်ရင်းအိပ်ပျော်သွားသည့်တိုင်မျှော်သူကရောက်မလာသေးပါ။

ဆောင်းတွင်းရဲ့အအေးဓာက်ကညနက်လာလေပိုကဲလာလေမို့ မုန်းစီးကရက်သောက်လက်စကိုရပ်ကာ အခန်းသို့ပြန်လာခဲ့လိုက်သည်။

အခန်းထဲမှာ ချစ်ရသူလေးကအိပ်မောကြလို့နေလေသည်။

ဆိုဖာပေါ်က လွန်းကိုယ်လေးကို ပွေ့ချီကာ အိပ်ရာထက်ချပေးပီးစောင်လေးပါခြုံပေးလိုက်သည်။

ပီးတော့လွန်းရဲ့နှဖူးပြင်လေးကိုအသာလေးအနမ်းခြွေပီးတော့ လွန်းလက်ကလေးကိုင်ကာ

"လွန်း သိပ်မွန်းကြပ်နေသလား...ကိုယ့်ရဲ့အတ္တဆန်ဆန်အချစ်တွေကြောင့် ကိုယ့်လွန်းလေး ပူလောင်နေရပီလား"

အမေးရှိပေမယ့်အဖြေရှိမလာခဲ့ပါ။ မုန်းလည်းခြေလက်သန့်စင်ပီးတော့ လွန်းကိုရင်ခွင်ထဲထည့်ကာအိပ်လိုက်တော့သည်။

➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖➖

မနက်ခင်းရဲ့နေရောင်ခြည်လေးက ပြတင်းပေါက်ကနေတဆင့် အခန်းလေးထဲသို့ ဖြာကျနေသည်။

ဆောင်းတွင်းဆိုပေမယ့် ပုဂံကရာသီဥတုကပဲသိပ်မအေးတာလား ဒါမှမဟုတ် ရင်ခွင်တစ်စုံကပဲနွေးထွေးလွန်းတာလားဆိုတာ လွန်း မသိပေမယ့် အအေးဓာတ်ကိုလွန်းမခံစားရပါပေ။

ပြန်မအိပ်ချင်တော့လို့ အိပ်ရာထဖို့ပြင်ပေမယ့် တင်းကျပ်စွာဖတ်ထားသော လက်တစုံကြောင့်လှုပ်လို့ပင်မရနိုင်ဖြစ်နေသည်။

လွန်းသူဘယ်ချိန်က ဝင်လာမှန်းတောင်မသိ ပီးတော့ညက သူTVကြည့်ရင်းအိပ်ပျော်သွားတာဖြစ်သည်။

လွန်း မျက်နှာအပ်ထားရာ ရင်ခွင်ကျယ်ကြီးပိုင်ရှင်ရဲ့မျက်နှာကိုမော့ကြည့်တော့အိပ်နေတာတောင် အထက်အောက်စုန်ချည်ဆန်ချည်ဖြစ်နေတဲ့လည်စိလေး။

မေးဖျားလေးထက်က ခမ်ရေးရေးအမွေးလေးတွေ နဲ့ဖြစ်သည်။

"ကျစ် မျက်နှာတစ်ခုလုံးကို သေချာမမြင်ရဘူးပဲ"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now