ဇာတ်သိမ်းပိုင်း...🤗

5.3K 115 29
                                    

ဇာတ်သိမ်းပိုင်း

12 years ago...

မန္တလေးမြို့ကြီးရဲ့ အထင်ကရနေရာတခုဖြစ်တဲ့ မဟာမုနိ ရုပ်ရုင်တော်မြတ်ကြီး(ဘုရားကြီး) သို့ မုန်းနဲ့ လွန်းရောက်ရှိနေသည်။

စုံတွဲခုတ်လာသည်ဆိုရမလားပေါ့နော် ကလေးသုံးယောက်ကို ရန်ကုန်မှာပဲထားပြီး မုန့်တို့နှစ်ယောက်သာမန္တလေးသို့ လာခြင်းဖြစ်သည်။

သားကြီး မုန်းမဟာသွေးလေးက 11နှစ်၊ သမီးမုန်းလင်္ကါသွေးလေးက 9နှစ်ဖြစ်ပြီး သားငယ်လေး လွန်းတံတိုင်းငယ် လေးက7နှစ်ဖြစ်သည်။

ကလေးတွေက ကျောင်းတဖက်နဲ့ရောမို့ မုန်းတို့ထားခဲ့လိုက်တာဖြစ်သည်။

(သာသာတို့ မန်းလေးကတော့ မဟာမုနိ ရုပ်ရှင်တော်မြတ်လို့ မသုံးဘဲ ဘုရားကြီး ဒါမှမဟုတ် မဟာမြတ်မုနိလို့ခေါ်ကြတာမို့ မဟာမြတ်မုနိလို့သာရေးတာပါ။ တကယ်တန်း သမိုင်းမှာတော့ မဟာမုနိလို့သာ အမည်ရှိတာဖြစ်ပြီး မဟာမြတ်မုနိ လို့သုံးလို့ရပါတယ်ဗျ)
မဟာမြတ်မုနိ ဘုရားကြီး၏ မြောက်ဘက်မုဒ်ကနေ ဝင်ကာ ကားစတင်းမှာကားအပ်ကာ မုန်းနဲ့လွန်း ​ စောင်းတန်းထဲသို့ ဝင်လာခဲ့လိုက်ကြသည်။

​စောင်းတန်းတစ်လျောက်က စျေးသည်များနဲ့ ဘုရားဖူးဧည့်သည် အားလုံးတို့၏အကြည့်ကမုန်းနဲ့ လွန်းထံ။

အသက် ၄၁နှစ် အရွယ် မုန်းတံတိုင်းက ငယ်ရွယ်နုပျိုမနေပေမယ့် တည်ကြည်ခန့်ညားတဲ့ရုပ်ရည်နဲ့အတူ အချိုးကြတဲ့မေးရိုး ထင်းထင်းတို့ကြောင့် အခုချိန်ထိ ပျိုမဒီတွေ လည်ပြန်ငေးနေ ရပါသေးသည်။

ပုဆိုး အနီရင့်ရောင်အကွတ်စိတ်နဲ့ ရှပ်လက်ရှည်အနီရောင်နဲ့တွဲဖတ်ထားတဲ့ မုန်းဟာ အာလုံးထဲမှာအထင်းသား။

ထိုချောမော ခန်ညားတဲ့လူသားရဲ့ လက်ကိုချိတ်ကာ နီညိုရောင်ပုဆိုးလေးနဲ့ ကောင်ငယ်လေးက ထိုလူသားအာ စကားတွေ တွတ်ထိုးနေလေသည်။

"ကိုကို လာ ဖိနပ်အပ်ထားရအောင်"

အဝင်ကတည်းက မုန်းချွတ်ထားသောဖိနပ်အား တလမ်းလုံး လွန်းကကိုင်လာတာဖြစ်သည်။

🎉 You've finished reading သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete) 🎉
သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now