အပိုင်း ၁၆

3.3K 73 4
                                    

EP 16

"ကျစ်...သူစိတ်ဆိုးသွားတာလား ဟ"

လှည့်ထွက်သွားတဲ့ကျောပြင်လေးကို ရုတ်တရက်မြင်လိုက်ရတော့လွန်း စိတ်ထဲသူတမျိုးထင်သွားမှာဆိုးနေမိသည်။

"ကဲ...သစ္စာ...ကိုယ်သွားရတော့မယ်..အပြင်မှာကိုယ့်အမျိုးသားစောင့်ရတာကြာနေပီမို့ခွင့်ပြုပါအုန်း"

တဖက်က သူမရဲ့မျက်နှာပျက်သွားသော်လည်း သူအပြင်ကိုသာထွက်လာခဲ့လိုက်သည်။

ကားကို မှီကာစီးကရက်သောက်နေသောသူရှေ့ရပ်ကာ

"အဟွန်း...ဟိုလေ...သူနဲ့က..မတော်တဆတွေ့..."

လွန်းဘက်ကသာပြောနေပေမယ့် စီးကရက်သောက်မပြတ်တဲ့သူကြောင့် မျက်ခုံးတန်းတို့အနည်းငယ်စုကြုံမိသည်။

"ဘာဖြစ်လို့လဲ"

"ဟင့်အင်း ဘာမှမဟုတ်တော့ဘူး အခုပြန်ကြတော့မလား"

"လွန်းသဘောလေ ...လွန်းပြန်ချင်လို့လား"

ထို့နောက်အိမ်သို့ပြန်လာလိုက်ကြသည်။ အိမ်ပြန်ရောက်တော့ခြံထဲမှာ အလုပ်တွေသွားစစ်နေတဲ့လူကြီးကြောင့် လွန်းတစ်ယောက် ပျင်းနေရပြန်သည်။

ချလောက်!...

တံခါးဖွင့်သံကြားပေမယ့် အိပ်နေရာမှထမကြည့်မိပါပေ။

မုန်းအခန်းထဲဝင်လာတော့ သူ့ကိုကျောပေးအိပ်နေတဲ့သူလေးကိုကြည့်ကာ သက်ပြင်းဖွဖွချမိသည်။

ဟိုမိန်းကလေးနဲ့တွေ့တုန်းက မုန်းရင်ထဲမှာသွေးတွေဆူပွတ်လာသလိုပဲ ။

ဘာလုပ်ရမှန်းမသိခင် မုန်းတွေးမိတာက လွန်းကိုမချုပ်ချယ်ချင်တော့တာပဲမို့ လှည့်ထွက်လာခဲ့ရသည်။

စွန့်လွှတ်နိုင်လို့လားဆိုတော့ မစွန့်လွှတ်နိုင်ပါပေ။ ချစ်လွန်းလို့တောင်အရယူထားရတာကို။

ဒါပေမယ့် အခုမုန်း လွန်းအတွက်ထည့်တွေးပေးသင့်တယ်မဟုတ်လား။ လွန်းသူ့အနားက ထွက်မသွားရင်ရပါပီ။ လွန်းအတွက်ဆို မုန်းရင်ဆိုင်နိုင်တယ်၊ ပေးဆပ်ရဲတယ်၊ တခုပဲလွန်းကိုတော့မုန်းအဆုံးရှုံးမခံနိုင်ဘူး။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now