အပိုင်း ၁၀

4.7K 111 5
                                    

EP 10

ဒေါက်တာ ထွက်လာတာမြင်တော့လွန်းဒေါက်တာ့နားအပြေးသွားမိသည်။

"လူနာက ခေါင်းမှာသွေးယိုနေပါတယ် အရေးပေါ်သွေးလိုအပ်နေတယ် ပီးတော့လှေကားပေါ်ကပြုတ်ကျတဲ့အချိန်ခေါင်းကို အတော်ထိခိုက်ထား တာတွေ့ရပါတယ် ဒါကြောင့်ကျွန်တော်တို့အနေနဲ့ခွဲစိတ်ရပါမယ် လူနာရှင်သဘောတူပါလား"

"ဗျာ.. ခွဲစိတ်ရမယ်..ဟင့် .."

"ဟုတ်ကဲ့ အရေးပေါ်အခြေအနေမို့လို့ပါ"

လွန်းအရမ်းကြောက်နေမိတယ်သူ..သူကိုတခုခုဖြစ်သွားမှာကို

"ဟုတ်ကဲ့..သဘောတူပါတယ်...အကောင်းဆုံးကြိုးစားပေးပါ"

"ကျွန်တော်တို့လည်း ceo မုန်းကို အကောင်းဆုံးကုသပေးပါ့မယ်"

လွန်း လက်မှတ်ထိုးပီးခနအကြာ ခွဲစိတ်ခန်းထဲကိုဆရာဝန်ကြီးတွေဝင်သွားကြသည်။

"သား....သားငယ်လေး"

"မေမေ ...ဟင့်..မေမေသားလေ ..သား...သူ့ကိုသေချာလုပ်တာမဟုတ်ပါဘူး...အဟင့်..သားမရည်ရွယ်ပါဘူး...သားသူတခုခုဖြစ်သွားမှာကို..ဟင့်...ကြောက်တယ်"

"သား...သားလေး...မေမေ့ကိုကြည်စမ်း...သားစိတ်ကိုရှော့ထားနော်...သားမုန်းက ဘာမှဖြစ်မှာမဟုတ်ပါဘူးကွယ်"

မေမေကလွန်းမျက်ရည်လေးတွေသုတ်ပေးရင်းပြောလာတယ် လွန်းမေမေရင်ခွင်ထဲမျက်နှာအပ်ပီးငိုနေမိတယ် မေမေပြောတဲ့စကားသံတွေကိုလည်းလွန်းမကြားတော့ပါ။

အခုချိန်လွန်းနားထဲက ကြားယောင်နေတာက ကားပေါ်မှာမုန်းပြောခဲ့တဲ့စကား

အဲ့စကားကိုကြားလိုက်တဲ့အချိန်လွန်းရဲ့နှလုံးသားလေးထဲ အနည်းငယ်တုန်လှုပ်သွားရသည်။

"သား..ဘလိုတွေဖြစ်ရတာလဲသားရယ်...ဖေဖေကိုပြောပါအုန်း"

လွန်းအကြောင်းစုံပြောပြတော့ဖေဖေက လွန်းခေါင်းလေးပုတ်ပီး

"သား..သားသိလား..မောင်မုန်းတံတိုင်းသားကိုလက်ထပ်ချင်တယ်ပြောတုန်းက အဖေတို့ငြင်းခဲ့တယ်"

"ဗျာ... ဖေဖေဘာပြောတယ်"

"ဟုတ်တယ်သား..အဖေငြင်းခဲ့တယ်...ဒါပေမယ့်သူကလက်မလျှော့ဘဲ  အဖေ့ကိုထိုင်ကန်တော့ပီးသားနဲ့လက်ထက်ချင်တဲ့လို့တောင်းတောင်းပန်ပန်ပြောခဲ့တာ.. အဖေအဲ့အချိန်မှာ ...အဖေသိလိုက်ရတာကသူကသားကိုသိပ်ချစ်တယ်ဆိုတာပဲ"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now