အပိုင်း ၂၀

3.6K 69 0
                                    

EP 20

အခန့်းရဲ့ပြတင်းပေါက်ကနေတဆင့် အလင်းရောင်တချို့ဟာ အိပ်ယာထက်က နှစ်ခြိုက်စွာအိပ်ပျော်နေသောသူထံသို့ ကျူးကျော်စွာကျရောက်လို့နေသည်။

လွန်း မျက်လုံးကိုစူးနေတဲ့နေကြောင့် အလိုမကြစွာ တဖက်ကိုလှည့်အိပ်ရန်ပြင်တော့ နာကျင်နေသည့်အောက်ပိုင်းတနေရာ..

မျက်လုံးကိုအသာလေးဖွင့်ကာဘေးဘီကိုကြည့်တော့

"ဟင့်...ဘယ်သွာတာလဲမသိဘူး...အလုပ်သွားပီလား အဟင့်...လူကိုစားပီးနားမလည်လုပ်သွားတာ...ဟင့်"

လွန်းအောက်ပိုင်းနာကျင်တာရော သူ့ကိုပစ်ထားတာရောပေါင်းကာ ဝမ်းနည်းပီးငိုလိုက်မိသည်။

ကျီ  (တံခါးဖွင့်သံ)

မုန်း လွန်းအတွက် ဆန်ပြုတ်ပြုတ်ပီး အခန်းထဲကိုပြန်အလာ တွေ့လိုက်ရတဲ့အတွက် လူကထူပူသွားရသည်။

မနေ့ညက သူလုပ်လိုက်တာကြောင့်လား သူ့ကိုစိတ်ဆိုးလို့လားမသိပေ။

"လွန်း...ဘာဖြစ်လို့ငိုနေတာလဲ"

"အဟင့်...ကိုကို...အီးဟီး"

ပြောလိုက်ကာမှ ရင်ခွင်ထဲပိုတိုးကာ ငိုလာတဲ့လွန်း။ ကိုကိုလို့ခေါ်ပုံထောက်ရင် မနေ့ညကမမူးဘူးပဲ။ အဲ့​ဆိုအခုငိုတာက အရမ်းနာလို့များလား ။

(ကျစ်ငါမနေ့ညက ထိန်းလိုက်သင့်တာ အခုတော့လွန်း အတော်နာနေတာနေမယ်)

"လွန်းရယ် တိတ်ပါ ကိုကို တောင်းပန်ပါတယ် တကယ်ဆိုကိုကို ထိန်းသင့်တာပါ စိတ်လွှတ်သွားလို့ပါ လွန်း အရမ်းနာနေတာလား...လွန်း"

လွန်းကျောလေးပုတ်ကာ ပြောလိုက်တော့ရင်ခွင်ထဲကသူလေးက..

"ကိုကို လွန်းကို စားပီးနားမလည် လုပ်သွားတယ်ထင်နေတာ အင့်.. အရင်နေ့တွေကလို ဟင့် ရှောင်နေအုန်းမယ်ထင်နေတာ... အဟင့် ပီးတော့ အရမ်းလည်းနာတယ် ဟင့် ဒါပေမယ့် ကိုကိုလွန်းကို ဂရုမစိုက်တဲ့အခါ ဒီနေရာကပိုနာတယ် အီးဟီး ဟင့်  ဟင့်"

ရှိုက်သံတွေနဲ့ပြောလာပီး သူ့ရင်ဘက်လေးကိုထိုးပြနေတဲ့သူလေးကြောင့်...

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now