အပိုင်း ၇

5K 129 26
                                    

EP 7

လွန်းမနက်နိုးလာတော့ဘာရယ်မဟုတ်အခန်းထဲကိုတချက်ကြည့်မိတော့သူမရှိ

အိပ်ရာပေါ်ကဆင်းကာရေချိုးခန်းဝင်လိုက်သည်။

မနေ့တုန်းကပင်ပန်းထားလို့ထင်ပါရဲ့တချိုးထဲအိပ်ပျော်သွားသည်။ အခုရေချိုးလိုက်တော့လူကလန်းဆန်းသွားပြီဖြစ်သည်။

လွန်းရေချိုးခန်း​ကနေ ပြန်ထွက်လာတဲ့အထိထိုသူကပြန်မရောက်သေးပေ ။

"ဒီအချိန်ကြီးအလုပ်သွားတာတော့မဟုတ်လောက်ပါဘူး"

လွန်းနာရီတချက်ကြည့်တော့မနက်6နာရီခွဲ

လွန်းဆက်တွေးမနေတော့ပဲ အခန်းပြင်ထွက်ဖို့လုပ်တုန်း အခန်းတခါကပွင့်လာပီးလွန်းမြင်လိုက်ရတာသည်က..

တဘက်တစ်ထည်ကိုလည်ပင်းတွင်တင်၍အားကစားဝတ်စုံနဲ့သူကမျက်နှာမှာချွေးများကမနည်းမနောပေ..

"နိုးပီးလားလွန်း ကိုယ်ကမနိုးလောက်သေးဘူးထင်နေ တာ"

"ကျွန်တော့်ကိုကာလနဂါးများမှတ်နေလား"

လွန်းပြောလိုက်တဲ့ဘုကျကျစကားကိုသူကဟက်ဟက်ပတ်ပတ်ရယ်တော့ လွန်းအံကြိတ်လိုက်မိသည်

"နောက်နေ့ကိုယ်နဲ့လိုက်ပြေးမလား"

"မပြေးဘူး "

"ဘာလို့လဲ လွန်းရဲ့ ကျမ်းမာရေးကောင်းပါတယ်"

"အတာကြောင့်မို့ပိုတောင်မလုပ်တာလေ အသက်တိုအောင်"

လွန်း တမင်ရွဲ့ပြောနေပေမယ့် ထိုသူလွန်းကိုကြည့်တဲ့အကြည့်တွေကရယ်မြူးရိပ်များကိုလွန်းမြင်နေရတယ် ကြည့်နေရင်းနဲ့ကိုလွန်း သူ့မျက်နှာကိုစွဲလုပ်ပလိုက်ချင်တယ်စပ်ဖြီးဖြီးနဲ့..

မုန်းရဲ့မနက်ခင်းလေးကအခုဆိုအဓိပ္ပါယ်လေးတွေရှိနေပီလေ အမြဲတယောက်ထဲစားနေကြပေမယ့်အခုတော့ချစ်ရသူလေးနဲ့အတူစားရတာကပို၍ပင်စားကောင်းစေတယ်ထင်ပါ့။

တခုပဲလွန်းကအခုထိသူ့ကိုအမြင်မကြည်သေးတာပဲ

မုန်းအရင်လို့အထီးမကြန်တော့ပေမယ့်အချစ်မခံရသေးဘူး

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now