အပိုင်း ၂၅

2.7K 68 8
                                    

Ep 25

မုန်း companyသွားဖို့ လွန်းအောက်ထပ်လိုက်ပို့တော့ ဟန်လင်းရောင်က အောက်ထပ်ကဧည့်ခန်းထဲမှာထိုင်ပီး ဖုန်းပြောနေသည်။

လွန်းတို့ကို မြင်တော့ပြုံးပြကာ ဖုန်းဆက်ပြောနေသည်။မုန်းကတော့ တချက်မျှပင်ဝေ့မကြည့်ပါ။

"ကိုကို လွန်းနေ့လည်စာ လာပို့ပေးမယ်နော်"

"ဟုတ်ပါပီဗျာ့ လွန်းရောအတူတူစားမှာမလား"

"ဟာ ကိုကိုကလည်း အကိုဟန်လင်းရောရှိနေတယ်လေ ဧည့်သည်ကိုပစ်ထားလို့ဘယ်ကောင်းမလဲ "

"ကိုကိုတစ်ယောက်ထဲစားရမှာပေါ့ အဲ့ဆို"

"ကိုကိုကလည်းဗျာ နောက်နေ့တွေကြအတူတူစားမယ်လေ နော် အခုကအစဆိုတော့သူလည်းယောင်ချာချာဖြစ်နေရှာမှာပေါ့"

လွန်းအပြောကြောင့် ဧည့်ခန်းထဲကသူကိုကြည့်တော့ ဖုန်းပြောနေပီး ရှေ့ကမုန့်များကလည်း အများကြီး ရှိနေသည်ါ

"ကဲ ကိုကိုရစ်မနေနဲ့ နောက်ကျနေမယ်သွားတော့"

"ကိုကို့လို company ကceoကို အလုပ်နောက်ကျလို့ ဘသူကမှအထွန့်မတက်ရဲဘူး"

လွန်းခါးလေးကိုဆွဲဖတ်လိုက်တော့

"ကိုကို အိမ်အပေါက်ကြီးမှာ သူများတွေမြင်ကုန်မယ် ပီးတော့ကိုဟန်လင်းလည်းရှိတယ် တွေ့သွားရင်မကောင်းဘူး"

"အင်းပါ ကိုကိုသွားတော့မယ် ပြွတ်"

နှတ်ခမ်းလေးကို အနမ်းပေးကာထွက်သွားတဲ့လူကြီးရယ်..သွားဖြီးကြီးနဲ့ကြန်ခဲ့တဲ့သူလေးရယ် ဧည့်ခန်းထဲကနေ အခန့်သားထိုင်ပီးအမြင်ကပ်နေတဲ့သူရယ် ကိုယ်စီရှိကြသည်။

(ဟက်...ပျော်ထားလိုက်ပါအုန်း လွန်းစစ်သွေး မကြာခင်နင့်နေရာငါရအောင်ယူပြမယ်...မဟုတ်ဘူးနင်ရာထူးတိုးတော့မယ် လင်ကြီးရာထူး...ဟားဟား)

စိတ်ထဲကနေကြိမ်းဝါးနေပေမယ့် အပြင်မှာလွန်းကသူ့ရှေ့ရောက်လာတော့ ဟန်ဆောင်ကာပြုံးပြလိုက်သည်။

"အဟွန်း..ကိုမုန်းတံတိုင်းက စစ်သွေးကို အတော်ချစ်ပုံပဲ သူ့မျက်လုံကနေတဆင့် စစ်သွေးကိုကြည့်တဲ့အကြည့်တွေထဲမှာ အချစ်တွေအပြည့်မြင်နေရတယ်"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now