အပိုင်း ၃၉

2.9K 78 13
                                    

ep 39

Mone Group ပိုင် ဆေးရုံကြီးထဲမှာ ဆေးရုံအုပ်ကြီးကအစ ထိပ်တန်းဆရာဝန်ကြီးများအားလုံး ခေါင်းမီးတောက်နေကြရသည်။ ပြာယာခက်နေကြသော ဆရာဝန်ကြီးများနားထဲတွင်တော့ မုန်းရဲ့

"လွန်းရောငါ့ ကလေးကိုရော ရအောင်ကယ် မဟုတ်လို့ရတော့ ဆေးရုံတစ်ခုလုံး အလောင်းချင်းထပ်သွားမယ်"

ဆိုသော ဒေါသတကြီးနဲ့ မုန်းစကားကြောင့် ဆေးရုံအုပ်ကြီးနဲ့ ဆရာဝန်များအားလုံး ခွဲခန်းထဲမှာ လွန်းနဲ့အတူ သူတို့ပါ သေဘေးကလွတ်ရန် ကြိုးပမ်းနေကြရရှာသည်။

မုန်း ဘေးနားကထိုင်နေတဲ့ မှိုင်းတခွင် ကော်လံစကိုစွဲကာ ဒေါသမီးတောက်နေတဲ့ မျက်လုံးနဲ့ အတူ ခပ်သြသြအသံက မုန်းရဲ့ဒေါသဘယ်လောက်ထွက်နေမှန်း မီးမောင်းထိုးပြနေသလို အတပ်သိနေသည်။

"အဲ့ခွေးမသား အခုဘယ်မလဲ"

" အကို့တပည့် ဖိုးရှန် လက်ထဲထည့်ထားခဲ့ပါတယ်"

"အေး ငါသူ့ကိုသတ်မှာ"

မုန်း သေလောက်အောင်ကြောက်နေပြီ ဖြစ်သည်။အကြောက်တရားဆိုတာကို စောက်ဂရုမစိုက်တဲ့ မုန်းဟာ အချစ်အတွက်နဲ့ အကြောက်တရားရှေ့မှာ ဒူးထောက်နေရပီလေ။

လွန်းရော ရင်သွေးလေးရောကို တစ်ခုခုဖြစ်လို့ကတော့ လောကကြီးကို ဇောက်ထိုးဖြစ်အောင် လုပ်ပြစ်မည်။ပြီးတော့ ဟိုခွေးမသားကို အရှင်မထားဘူး။

လွန်းကို ဆရာဝန်ကြီးများ စိုးရိမ်နေကြသည်။ လွန်းဆေးရုံကိုရောက်တော့ သွေးထွက်လွန်နေပီဖြစ်သည်။ ဗိုက်ကိုအဓိကထား တိုက်ခိုက်တာဖြစ်တဲ့အတွက် ဗိုက်ထဲကသဋေသားလေးကလည်း ထိလိုက် ထားသည်။ ဆရာဝန်ကြီးများ အနေနဲ့ မိခင်အသက် အဲလေ ဖခင်အသက်နဲ့ ကလေး ဘယ်သူ့ကိုရွေးမလဲခက်ခဲနေပေမယ့် မုန်းကနှစ်ခုလုံးကိုရအောင် ကယ်ခိုင်းသည်။

ကြိုးစားကြသည်။ဆရာဝန်ကြီးများလည်းအတက်နိုင်ဆုံးကြိုးစားကြသည်။အခက်ခဲဆုံးဖြစ်ပေမယ့် အကောင်းဆုံး ဖြစ်အောင်လုပ်နေကြသည်။ ပီးတော့ ဆုတောင်းနေကြသည်။ ဆေးရုံတစ်ခုလုံးကပါ ကြောက်တာရော စိတ်ရင်းမှန်ရောပေါင်းကာဆုတောင်းနေကြသည်။ ကံတရာကရော... သူတို့ဆုတောင်းတွေနဲ့ ကြိုးစားမှုတွေကို ဖြည်းပေးပါ့မလား.....

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now