အပိုင်း ၄၃

3.2K 66 5
                                    

ep 43

မုန်း လွန်းလက်ကလေးကို မလွှတ်တမ်းဆုပ်ကိုင်ထားသည်။ လွန်းလက်ကလေးတွေကလည်း တုန်ရီလို့နေသည်။

ဆေးရုံက တွန်းလှည်းပေါ် မှာ လွမ်းဟာ ဖွားခန်းထဲသို့ ဝင်ရန် တွန်းလှည်းနဲ့ သွားနေတာဖြစ်သည်။

ဗိုက်ထဲက နာကျင်လွန်းတာကြောင့် လွန်းမျက်ရည်များကလည်း ကျဆင်းနေသည်။သို့ပေမယ့် ရင်သွေးလေးက လူ့လောကထဲရောက်ဖို့ အားတင်းထားသည်။

"လွန်း အားတင်းထားနော် မကြောက်နဲ့ ကိုကိုရှိတယ်"

"ဟင့် ကိုကို နာတယ်"

"သားလေးရယ် ခနပဲနော် သည်းခံထားပါကွယ်"

လွန်းမေမေကလည်း အားပေးနေသည်။

လွန်း သားဖွားခန်းထဲရောက်သွားပီး တံခါးပိတ်တဲ့အထိ မုန်း မျက်စိတဆုံးကြည့်နေမိသည်။

"သား အင်္ဂုလိမာလ သုတ်ရလား"

"မရဘူး အမေ"

"အေးပါ အမေပဲရွတ်လိုက်မယ် အဲ့တာကမီးဖွားရ လွယ်ကူတယ်လေ "

မှိုင်းတခွင် ရော ဖိုးရှန် ရော လွန်းမိဘတွေရော အကုန် အစုံလင် ရှိနေကြသည်။

မုန်းခမျာ တံခါးဝမှာ ခေါက်တုံ့ခေါက်ပြန်လျှောက်နေမိသည်။

.........

⌚⌚⌚(နာရီအနည်းငယ်ကြာသော်)

သားဖွားခန်းထဲကနေ ဆရာဝန်ကြီးထွက်လာ၍

"သားလေး မွေးပါတယ်ခမျာ အချိန်က 3:24 ဖြစ်ပီး သောကြာသားလေးဖြစ်ပါတယ်...ဖခင်ရော ကလေးရော ကျမ်းမာပါတယ်...ခနနေ အဆောင်ပြောင်းပြီးရင် တွေ့လို့ရပါပြီခမျာ"

ခနအကြာ လွန်းကို ဆရာဝန်တွေက အဆောင်ပြောင်းဖို့ သားဖွားခန်းထဲကနေ ခေါ်သွားတော့ လွန်းက သတိမရသေးဘူးဖြစ်သည်။

မုန်းတို့ အခန်းထဲကို တန်းမဝင်ရသေပေ။ ခနအကြာမုန်းအခန်းထဲဝင်လာတော့

လွန်းက ကုတင်လေးပေါ်မှာအိပ်နေပီး သားက ပုခတ်လေးထဲမှာအိပ်နေတာဖြစ်သည်။

မုန်း လွန်းစီသွားကာ နှဖူးလေးကိုအနမ်းပေးလိုက်သည်။

"ကိုကို့ ကလေးလေး ပင်ပန်းနေရောပေါ့ အနားယူပါအုန်း အချစ်လေးရေ"

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now