အပိုင်း ၃၆

2.8K 77 2
                                    

Ep 36

"လွန်းမှာ ကိုယ်ဝန်ရှိတာတကယ်လား... သေချာရဲ့လား..."

"သေချာပါတယ် ceo ...ကိုယ်ဝန်က တစ်လကျော်လောက်တော့ရှိပါပီ ပီးတော့ceoရဲ့အမျိုးသားက မွေးရာပါသားအိမ်ပါတာဖြစ်လို့ အခုလိုယောက်ျားရပီး သုတ်ပိုးနဲ့ထိ​တွေ့ဖန်များတာရယ်ကြောင့် ကလေးရတာပါ...ဒီလိုဖြစ်စဥ်ကယုံကြည်ဖို့ခက်ပီးရှားပါးပေမယ့်...ဆေးပညာရဲ့လေ့လာချက်အရ ယောက်ျားတစ်ရာမှာတစ်ယောက်ကတော့ သားအိမ်ပါတက်ကြပါတယ်"

မုန်း ဆရာဝန်ရဲ့စကားတွေကိုသေချာမကြားရပါ။သူရဲ့အသိနဲ့သတိက လွန်းနဲ့လွန်းရဲ့ဗိုက်ထဲက သူတို့ရင်သွေးလေးစီအလုံးစုံရောက်နေသည်။

မုန်း ကုတင်ထက် အိပ်မောကြနေတဲ့ လွန်းဘေးနားကို အသာလေးထိုင်ကာ လက်ကလေးကို ဆုပ်ကိုင်လျှက်

"ကိုကို့ အဖိုးတန်လေးက ကိုကို့အတွက်ရတနာလေးကို အဖိုးမဖြတ်နိုင်တဲ့ပြည့်စုံမှုလေးဖြစ်စေတဲ့အတွက် ကျေးဇူးပါ လွန်းရယ်"

အကုန်လုံးဝမ်းသာပီတိုဖစ်နေကြသည်။တစ်စုံတစ်ဦးကလွဲလို့ပေါ့။

လွန်းမျက်လုံးအိမ်လေးများ လှုပ်ရှားကာ မျက်လုံးလေးကို အသာအယာဖွင့်လိုက်သည်။မစိမ်းသက်သည့် အခြေအနေမို့ ဒီနေရာက သူတို့အိပ်ခန်းမှန်း လွန်းသိနေသည်။

နိုးနိုးချင်း ဝမ်းနည်းလာတဲ့စိတ်တို့က ဖြစ်ပေါ်လာသည်။လွန်း နိုးလာတာမြင်တော့ ကိုကိုက လွန်းအနားကိုလာတော့ လွန်းကိုကို့ကို မြင်နေရပေမယ့် သတိရစိတ်တို့ပိုကာ မုန်းအားဖက်၍ငိုတော့သည်။

"ဟင့်...ကိုကို"

"အင့်...ဟင့်...ကိုကို့ကို လွန်းအရမ်းလွမ်းတာပဲ...အဟင့်...ပီးတော့...အဟင့်...ရင်ဘတ်ထဲမှာအောင့်နေတယ်"

မုန်း လွန်းကို ပြန်ဖက်ထားပေးကာ တသိမ့်သိမ့်တုန်နေတဲ့ကျောပြင်လေးအားပုတ်ပေးနေမိသည်။

"လွန်း...လွန်းလေး...ကိုကို့အချစ်လေးရေ"

"အင့်...ကိုကိုကလည်း...လွန်းငိုနေတယ်လေ...အဟင့်...အဲ့လိုလုပ်နဲ့...ကိုကို့"

ငိုနေတဲ့လွန်း မျက်နှာအနှံ့အနမ်းမိုးရွာနေသော မုန်းကြောင့် လွန်းခမျာငိုရတာ ဖီးလ်ငုတ်သွားရသည်။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now