အပိုင်း ၁၇

3.3K 72 4
                                    

EP17

လွန်း အိပ်ရာနိုးလာတော့ခံစားမိလိုက်တဲ့အေးစက်မှုတခု။ အရင်က အိပ်ရာထရင်နွေးထွေးအောင် ထွေးပွေ့ထားတဲ့ရင်ခွင်ကအခုတော့ မရှိပါ။

အလိုမကျစွာလေးလံတဲ့မျက်လုံးကိုဖွင့်လိုက်တော့ ခြေထောက်ကနာကျင်တဲ့ခံစားမှု။

လွန်းဆောင်တွင်းမှာဒါဏ်ရာရမှာကိုအတော်ဆိုးပါသည်။ အအေးဒါဏ်နဲ့ဆိုတော့ အနာကပို၍နာပါသည်။

ဘေးဘီကို မျက်လုံးဝေ့ကြည့်မိတော့ မြင်ချင်နေသူအားမတွေ့ရပေ။ ရေချိုးခန်းထဲလည်းမရှိ။ မျက်နှာသစ်အဝတ်စားလဲပီး အောက်ထပ်ဆင်းတော့လည်းအရိပ်ယောင်ပင်မတွေ့ရ။

"သခင်လေး...မနက်စာစားတော့မလား"

ကြီးမြကမေးလာတော့

"မစားချင်ဘူးကြီးမြ ဗိုက်မစာသေးလို့"

"ဟုတ်ကဲ့...လိုအပ်တဲ့ချိန်ပြောပါနော်"

"ဟုတ်ပါ...အော်...ဒါနက်ကြီးမြ...ဟို...သူ.."

တကယ်ပါပဲဘယ်လိုခေါ်ရမှာလဲ ဦးမုန်းတံတိုင်း လို့ခေါ်ရင်လည်းမကောင်း..

"သခင်ကြီးက company သွားပါပီ...ကြီးမြတို့ကိုသခင်လေးလိုအပ်တာတွေလုပ်ပေးဖို့မှာထားပါတယ်"

"အော်...ဟုတ်လား...ကျွန်တော်ပြောချင်တာက အဟွန်း...ဟို မနက်စာကိုခနနေမှလာစားမယ်လို့ပြောမလို့ပါ"

လွန်းမျက်ခုံးလေးတွေစုကျုံ့မိသည်။ အစောကြီးကို ပီးတော့သူကCEO ပဲ နောက်ကျလို့လည်းဘသူမှပြောမနေဘူး..

မနက်စာလည်းစားချင်စိတ်မရှိတော့တာနဲ့အိမ်ပေါ်တက်ပီး ကုတင်ထက်ပစ်လှဲလိုက်တော့သည်။

....
......
........

တိတ်စိတ်နေတဲ့ အစည်းဝေးခန်းမထဲအသက်ပင်ကျယ်ကျယ်မရှူရဲလောက်အောင်တိတ်စိတ်နေသည်။

အရင်ကလည်းအပြုံးအရယ်နည်းသူဖြစ်တဲ့ Mone Group CEO မုန်းတံတိုင်ကို ဝန်ထမ်းများသာမကရှယ်ယာရှင်များကပါတုန်နေအောင်ကြောက်ကြသည်။

"ဟို ceoခင်ဗျ အဲ့ကိစ္စကိုဘယ်လိုသဘောရပါသလဲ"

စူးရဲတဲ့မျက်ဝန်းတစုံက လပ်တော့ကိုကြည့်နေရာမှ တင်ပြချက်ပေးနေသောသူထံသို့အရောက်..

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now