အပိုင်း ၂၉

2.4K 63 3
                                    

ep 29

အရေးပေါ်ခွဲစိတ်ခန်းရှေ့မှာ မုန်းတစ်ယောက်ဆရာဝန်ကြီးနဲ့စကားပြောနေသည်။

ဟန်လင်းရောင်ကတော့ အသည်းအသန်ငိုနေလို့ လွန်းက ဖြေသိမ့်ပေးနေရသည်။

"အကိုဟန်လင်း စိတ်လျော့ပါ ကိုပြည့်စုံ ဒီအခြေအနေကို ကျော်ဖြတ်နိုင်မှာပါ".

"အကိုလေ အရမ်းစိတ်ပူနေတာဘဲသိတယ် သူ...သူ.ဟင့်.ဘာမှဖြစ်လို့မရဘူး အကိုသူ့ကို ဟင့် မခွဲနိုင်သေးဘူး သူသာ တခုခုဖြစ်ရင် အကိုအသက်ဆက်နိုင်မယ်မထင်ဘူး"

"အကိုဟန်လင်းရယ်"

(သူက မသေနိုင်သေးဘဲ သောက်ဇယားရှုပ်နေတယ် ဒီလိုမှန်းသိရင် ဆေးအစား အဆိပ်တခါတည်းတိုက်လိုက်ရမှာ)

မျက်ရည်တွေနဲ့သူဟာ စိတ်ထဲမှာတော့ယုတ်မာဖို့နည်းလမ်းများစွာကိုတွေးနေသည်။

မုန်းအနားရောက်လာကာ...

"ဆရာဝန်ကပြောတယ် ပြည့်စုံက မူးယစ်ဆေးအလွန်အကျွန်သုံးလို့ ဖြစ်တာတဲ့"

"ကိုကို ဒါပင်မယ့်ဒါက ကားအက်စီးဒန့်လေ "

"ဟုတ်တယ် ဆေးအရှိန်နဲ့ကားမောင်းပီး အလွန်အကျွန်သုံးတော့အန္တရာယ်ဖြစ်သွားတာ အဲ့တာကြောင့်ကားတိုက်မှုဖြစ်တာ"

ထိုအခါဟန်လင်းရောင်ကို ကြည့်ကာ မုန်းက..

"မင်းသိလား"

"ဗျာ...ဘာ..ဘာကိုလဲ"

"သူ ဆေးသုံးတဲ့ကိစ္စကိုလေ"

"ဟင့်အင်း ဟန်...ဟန်..မသိပါဘူး"

"ကိုကိုရယ် အကိုဟန်လင်း ကဘယ်လိုသိပါ့မလဲ"

မုန်း ဆက်ပြောမနေတော့ပဲ ပြည့်စုံအတွက်လိုအပ်တာများ လုပ်ပေးရန် ထွက်သွားလိုက်သည်။မုန်းဒီကောင်လေး မူးယစ်ဆေးသုံးတာကို မယုံပေ။ အရက်တောင် သိပ်မတောက်တာ သူအသိပေ။ ပီးတော့ဆရာဝန်ပြောတာက ပထမဆုံး သုံးတာဖြစ်ပီး အပြင်းစားကိုသုံးလိုက်တော့ ရှော့ဖြစ်သွားတာလို့ဆိုသည်။

ပြည့်စုံအောင် အခြေနေကအတော်ဆိုးရိမ်ရသည်။ခွဲခန်းဝင်နေတာအတော်ကြာပေမယ့် အခုထိ သတင်းကောင်းမကြားရသေးပေ။

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now