အပိုင်း ၂၃

3K 73 4
                                    


EP23

"သားသား ဟိုရောက်ရင် မေမေ့စီကိုဖုန်းဆက်နော် ရေချိုးလည်းမရဲနဲ့ဖျားနာနေမယ် ပီးတော့အစားလည်မှန်မှန်စား အသုံးလိုရင်လည်းမေမေ့စီလှမ်း...."

မေ့မေ့စကားမဆုံးခင်

"မင်းသားကို ပိုက်ဆံပေးဖို့စိတ်မကူးနဲ့ တပတ်တခါပဲပိုက်ဆံလွှဲပေးမယ် ငါးသောင်း..တပတ်ကိုငါးသောင်းပဲသုံးရမယ် အဲ့တာတောင် သူများစီမို့လို့မဟုတ်ရင် ပိုက်ဆံဖြတ်တယ်"

"အကိုရယ် ရှင်ကလည်းကျွန်မတို့မှာဒီသားလေးတစ်ယောက်ထဲရှိတာကို..ရှင်"

"တစ်ယောက်ထဲမို့သာ တော်ကာကြတယ် နှစ်ယောက်သုံးယောက်သာဆို ပုဆိုးတောင်ဝတ်နိုင်မှာမဟုတ်ဘူး"

ထိုစဥ်ကားဆရာမှ

"ကဲကဲ ပုဂံ၊ညောင်ဦး၊ပုပ္ပါး သွာမယ့်ခရီးသည်များ ကားထွက်ပါတော့မယ် မိမိရဲ့ခုံလက်မှတ်များနဲ့လာရောက်ကြပါတော့ခဗျာ.. စထွက်ပါတော့မယ် ခရီးသည်များခဗျာ"

"သားသား သွားတော့နော် လိမ်လိမ်မာမာနေပါသားရယ်"

ပြောပီးမေမေကဖတ်ထားပြီး ဖေဖေကတော့မျက်နှာမကောင်းပေမယ့် ဘာမှမပြောပေ။

"သား..သွားပီနော်"

ဖေဖေနဲ့မေမေကို နှုတ်ဆက်ကာ ကားပေါ်တက်လာလိုက်သည်။ခနနေတော့ကားလေးဟာရန်ကုန်ကားကြီးဝင်းမှထွက်ခွာလို့ဦးတည်ရာကိုတရွေ့ရွေ့မောင်းနှင်နေပါသည်။

မှိုင်းတခွင် ကားစီးလျှင်အမြဲအိပ်ငိုက်တက်သည်။ထို့ကြောင့်အခုလည်းမှေးခနဲအိပ်ပျော်သွားကာ နိုးလာတော့ ကားကခနရပ်နေသည်။ကားဘေးနားတွင်တော့အချဥ်ပေါင်းသယ်များက...

"အကိုယူအုံးမလား အိပ်ချင်ပြေလေးပေါ့ ကောင်းတယ်အရမ်းလည်းမစပ်ဘူး"

မှိုင်းတခွင်လည်း နောက်ကျိကျိဖြစ်နေသည့်ခေါင်းကြောင့်အချဥ်ပေါင်းဝယ်ဖို့ ပိုက်ဆံအိတ်ထုပ်လိုက်တော့ ပိုက်ဆံအိတ်ရောဖုန်းရောမရှိတော့ပေ။

ခေါင်းနပန်းကြီးကာ ထူပူသွားတော့သည်။အရင်လိုဆိုဘာမှမမှုပေမယ့် အခုဟာကမတူ ပိုက်ဆံတစ်သိန်းက အရမ်းအရေးပါလို့နေသည်။သူတပတ်လုံးသုံးရမှာမလား အခုတော့...

သေလောက်အောင်မုန်းတယ်​သေ သည်ထိချစ်မယ်...(Complete)Where stories live. Discover now