part41(Unicode)

31.7K 3.2K 668
                                    

"ငါ ပြန်လာနိုင်မှာမဟုတ်ဘူး အမ..."

"....."

"ငါမလာလည်းဖြစ်တာပဲ အရင်ကလည်းဒီလိုပဲ လှုနေကြပဲ..."

"....."

"ရတယ် သမီးကိုငါသွားကြိုလိုက်မယ်..."

"....."

"ငါအဲ့ဒါတွေ ထပ်မပြောချင်ဘူး အမ အဲ့အကြောင်း‌ပဲပြောမယ်ဆို ဖုန်းချလိုက်တော့မယ်..."

ဖုန်းကိုနားနားကပ်၍ ပြောဆိုနေပါသော ဆိုင်းလော့ဒ်၏ ခပ်ဆတ်ဆတ်လေသံကြောင့် သူ့ခြေလှမ်းတို့ တန့်သွားရသည်။ဆိုင်းလော့ဒ်က အိမ်ရှေ့ခန်းမှာဖုန်းထွက်ပြောနေတာဖြစ်သည်။တမင်နားထောင်ဖို့ ရည်ရွယ်ချက်မျိုးနှင့်မဟုတ်သော်လည်း ဆိုင်းလော့ဒ်၏ မကြည်လင်သောလေသံကြောင့် အလိုအလျောက်နားစွင့်မိသား ဖြစ်သွားရသည်။
အရင်ကဆို ဆိုင်းလော့ဒ်တို့မိသားစု၏ ဆက်ဆံရေးက အလွန်ကိုမှနွေးနွေးထွေးထွေးရှိလှသည်။အခုတော့ ဘာအကြောင်းနဲ့များ ကတောက်ကဆဖြစ်နေရသလဲ မသိတော့ချေ။သူ သက်ပြင်းအားအသာရှိုက်ပြီးမှ အိမ်ရှေ့သို့ထွက်ဖို့ပြင်နေသော ခြေလှမ်းတို့အား ပြန်ရုတ်လိုက်တော့သည်။ပစ္စည်းအတွက် ဒီဇိုင်းပုံကြမ်းဆွဲထားတာကို ပြသဖို့စိတ်ကူးနှင့် အိမ်ရှေ့သို့ထွက်လိုက်ခဲ့တာဖြစ်သည်။
သူ ခြေလှမ်းပြန်လှည့်ဖို့ ပြင်လိုက်စဥ်မှာပဲ ဆိုင်းလော့ဒ်ကဖုန်းကိုချ၍ နောက်သို့လှည့်လာလေသည်။

"အမနဲ့ပြောနေတာလား...."

"အင်း!..."

သူမေးတော့ ဆိုင်းလော့ဒ်က မှုန်တေတေ မျက်နှာထားဖြင့်သာ ခေါင်းညိတ်ပြသည်။ဒီကိစ္စကို သူမပြောပြချင်ပါဘူးဆိုသည့်သဘော။သူလည်း အလိုက်တသိဖြင့် ဆက်‌မမေးတော့ပဲ ခေါင်းဆတ်လိုက်ပြီးမှ....

"ကိုယ့်ကို ဒါလေးတချက်ကြည့်ပေးပါဦး...."

ဆွဲလက်စပုံကြမ်းအားပြကာ စကားလမ်းကြောင်းလွှဲပစ်လိုက်တော့၏။

"ဒါကဘာလဲ ခါးပတ်လား..."

"အင်း!..."

"ခါးပတ်ထုတ်မလို့လား..."

ဆိုင်းလော့ဒ်က ပုံကြမ်းအားကြည့်ရင်းဖြင့် မေးလာသည်။

"မထုတ်ပါဘူး ကာစတန်‌မာအော်ဒါပါ..."

Wild  Rose(complete)Where stories live. Discover now