အပိုင်း (၁/u)

12.6K 673 11
                                    

မူပိုင် အပိုင်းတစ်။    ။

တံခါးလေးပေါက်ပါသော ဂျပန်နိုင်ငံထုတ် နံပါတ်နက်(family four doors) ကားလေးသည် တက္ကသိုလ်ရိပ်သာလမ်းမအတိုင်း မောင်းနှင်လာ၏။ မြန်ဆန်သောအရှိန်ဟာ တဖြည်းဖြည်းနှေးကွေးလာချေပြီ။ နောက်ဆုံးတွင်တော့ ခြံအမှတ်တစ်ဆယ့်သုံး "မြရဝန်" စံအိမ်ဟု တံဆိပ်ပြားကပ်နှိပ်ထားသည့် ခြံရှေ့၌ရပ်တန့်လေ၏။

ကားဟွန်းနှစ်ချက်ဆင့်တီးပြီးနောက် ပွင့်ဟလာသည့် မြင့်မြင့်မားမား တံခါးချပ်။ ခြံတံခါးနှင့် အိမ်မကြီးတည်နေရာမှာ သိပ်တော့မလှမ်းချေ။ ထို့ကြောင့် ဘီးသုံးပတ်လောက် လိမ့်ရုံဆိုမှသာ မောင်းနှင်ပြီးနောက် ဆင်ဝင်အောက်သို့ ရောက်ရှိ၏။

" ရောက်ပါပြီ မမမြ "

ကားဒရိုင်ဘာ ကိုဘသောင်းမှ အလိုက်တသိ တံခါးကိုလာဖွင့်ပေးလေ၏။ လမ်းတစ်လျှောက်လုံး ဝတ်ဆင်လာခဲ့သော လေးထောင့်သဏ္ဍာန် စာကြည့်မျက်မှန်အားချွတ်ကာ လည်ဝိုက်နား၌ ဟန်ပါပါချိတ်ဆွဲလိုက်သည်။ ထို့နောက်တွင်တော့ အသင့်ဖွင့်ပေးထားသော တံခါးမှတစ်ဆင့် အပြင်ဘက်သို့ ခြေချလေ၏။

ကွန်ကရစ်လမ်းမပေါ် ထိတွေ့လာသည့် ခြေညှပ်ဖိနပ်တစ်ရံ။ ကြည်လင်ကာ ဖြူဖွေးသော ခြေဖမိုးသည် မက်မောစရာကောင်း၏။ ထို့အပြင် ထင်ရှားစွာပေါ်လွင်နေသည့် သွေးကြောစိမ်းစိမ်းများ။

" ကျုပ်ပစ္စည်းတွေသယ်ပြီး အခန်းထဲပို့ထားလိုက်မယ်နော် မမမြ "

အသိအမှတ်ပြုဟန်ဖြင့် ခေါင်းငြိမ့်ပြလိုက်သောအခါ ခပ်လျော့လျော့ဆံထုံးကြား ထိုးစိုက်ခံထားရသည့် နှင်းဆီနီလေးတစ်ပွင့် မြေခသွားရ၏။ ပိုင်ရှင်သည် ဥပေက္ခာပြုကာ ထိုပန်းနီနီကိုပင် ပြန်မကောက်ခဲ့ပေ။

မြရဝန်ဆိုသော စံအိမ်တော်ကြီးသည် နှစ်ထပ်တည်းသာရှိသော်လည်း အတော်လေးခမ်းနား၏။ ခြံတံခါးရှေ့ ဘယ်ဘက်အခြမ်း၌ ပိတောက်ပင်အိုကြီးတစ်ပင်ရှိလေသည်။ ခြံထဲတွင်တော့ စုစုရုံးရုံး ပွင့်လန်းနေသော နှင်း‌ဆီနီများ။ ပန်းအိုးဖြင့်မဟုတ်ပါပဲ မြက်ခင်းပေါ်ချ၍ စိုက်ပျိုးထားခြင်းကြောင့် အဝေးမှလှမ်းကြည့်လျှင် ပန်းခင်းလေးတစ်ခုလိုနှယ်။ ဆေးအဖြူလွှမ်းနေသော အိမ်တော်နှင့် အဖြူရောင်ကနုတ်တို့ စီခြယ်ခြင်းခံထားရသည့် ဆင်ဝင်။

မူပိုင် [အတွဲ တစ်]Nơi câu chuyện tồn tại. Hãy khám phá bây giờ