အပိုင်း (၈/u)

5.4K 601 15
                                    

မူပိုင် အပိုင်းရှစ်။   ။  

ယနေ့သည် ခရစ္စမတ်ပွဲတော်နေ့မို့ ရုံးပိတ်‌လေသည်။ အချို့မပိတ်ပေးသော ရုံးများရှိသော်လည်း မူပိုင်သည် ခရစ်ယာန်ဘာသာဝင်မို့ အထူးတလည် ပိတ်ပေးခြင်းဖြစ်၏။

" ညကျရင် ကျုပ်ပွဲတစ်ခုသွားစရာရှိတယ်။ ခင်ဗျားလိုက်ချင်လား ဒေါ်ဒေါ် "

ရေချိုးပြီးကာစမို့ မူပိုင်၏မျက်နှာဟာ ကြည်ကြည်လင်လင်ဖြစ်နေသည်။ ညိုဖျော့ဖျော့အသားပေါ်တွင် တွဲခိုနေသော ရေစက်လေးများ။ မြင်တွေ့နေကြဖြစ်သော်လည်း ကျင့်သားမရစွာ လှိုက်ဖိုတတ်သည့် ရင်ခုန်ခြင်း။ ထိုသူကတော့ အေးအေးလူလူ မှန်ရှေ့၌ ရေသုတ်နေ၏။

" ငြင်းလို့ကောရမှာမို့လို့လား "

" လိုက်ချင်လားမေးနေတာလေ။ လိုက်ကိုလိုက်ရမယ်လို့ ကျုပ်ပြောနေလို့လား "

ကျုပ်စိတ်ရင်းအတိုင်းဆို လိုက်စေချင်ပါသည်။ သို့ပေမယ့်လည်း အခုသွားမယ့်ပွဲသည့် ခရစ္စမတ်ပွဲတော်မို့ ကျုပ်အတင်းအကြပ် မတောင်းဆိုချင်ပါ။ ဒေါ်ဒေါ်က ဗုဒ္ဓဘာသာ ကိုးကွယ်သူတစ်ယောက် မဟုတ်ပါလား။

" ဒါဆို မလိုက်ဘူး "

" အင်း "

" ပွဲကဘယ်မှာလုပ်မှာလဲ "

" ရိုဘင့်အိမ် "

" ဒါဆို လိုက်မယ် "

" ခင်ဗျားပဲ အမျိုးမျိုး "

သဝန်တိုသည်ဟု ခေါင်းစဉ်မတပ်ချင်ပါ။ ဒီအတိုင်းလေး၊ ဒီပုံစံအတိုင်းလေး သူတို့နှစ်ဦးတည်း အတူမရှိနေစေချင်ရုံ။ မြ အတ္တမကြီးဘူး မဟုတ်လား။

တံခါးခေါက်သံနှစ်ချက်နှင့်အတူ ထွက်ပေါ်လာသော အစ်မရီ၏ခေါ်သံ။ မြကိုခေါ်ခြင်းတော့ မဟုတ်ပါ။

" အောက်မှာ လက်ဆောင်ဗူးတွေရောက်နေပါပြီ သခင်မလေး "

" ဟုတ်ပြီ ခဏနေကျုပ်ဆင်းလာမယ်။ အိမ်ကရှိသမျှ လူတွေအကုန်စုပြီး ဧည့်ခန်းထဲမှာစောင့်နေ "

" ဟုတ်ကဲ့ပါ သခင်မလေး "

လှုပ်ရှားမှုတိုင်းအား ကုတင်ပေါ်မှ မမှိန့်မသုန်ကြည့်နေသူ။ ဘာစကားမှ မပြောတော့ပေမယ့် တစ်ခုခုကို အလိုမကျနေဟန်ရသည်။

မူပိုင် [အတွဲ တစ်]Where stories live. Discover now