အပိုင်း (၆/u)

5.3K 564 8
                                    

မူပိုင် အပိုင်းခြောက်။      ။

ဧည့်ခန်းထဲဝယ် မြရယ် မူပိုင်ရယ်။
မြ ချည်ထိုးနေသလို မူပိုင်သည်လည်း စာရင်းဖိုင်တစ်ခုအား စစ်ဆေးနေ၏။ မျက်နှာချင်းဆိုင်ခုံတွင် ထိုင်နေကြပေမယ့် ယခုအထိ မျက်လုံးချင်းမဆုံဖြစ်သေးပေ။

" ရှမ်းခေါက်ဆွဲစားမလား  "

" ဟင့်အင်း "

" ပြီးတာပဲ "

ဖိုင်များကိုစုသိမ်းလို့ လက်တစ်ဖက်ဖြင့်ပိုက်ကာ ထရပ်လိုက်သူ။ ချည်ထိုးခြင်းကို ရပ်တန့်လို့ မျက်စိရှေ့ရှိ လှုပ်ရှားမှုလေးကို လိုက်ကြည့်နေမိ၏။

" မေပုံ့ "

အော်သည်ဟုပင် သတ်မှတ်၍မရပါ။ အသံမှာတည်ငြိမ်လွန်းကာ ခပ်ဩဩဖြစ်နေ၏။

" ရှင် သခင်မလေး "

" ခဏနေရင် ကျုပ်ဧည့်သည်လာလိမ့်မယ်။ သူကမြန်မာစကားနားလည်‌ပေမယ့် သိပ်မကျွမ်းဘူးမို့ လျှောက်မေးမနေပဲ တံခါးဖွင့်ပေးလိုက် "

" ဟုတ်ကဲ့ သခင်မလေး "

ဧည့်သည်ဆိုသော စကားသံကြောင့် မျက်လုံးလေးများ ဝိုင်းစက်သွားသူဟာ ဒေါ်မြရံခြယ်။ ထိုးလက်စချည်သည်ပင် ဘယ်နေရာရောက်လို့ ရောက်သွားမှန်းမသိ။ မြန်ဆန်သောခြေလှမ်းများသည် ကျောပေးထားသူနောက်၌ ရပ်တန့်သွား၏။

" ဘယ်ကဧည့်သည်လဲ "

" ခင်ဗျားသိစရာမလိုပါဘူး ဒေါ်ဒေါ် "

မန္တလေးမှပြန်ရောက်ရောက်ချင်း အိမ်၌နှစ်ဦးသား ပြဿနာတက်ကြ၏။ လင်မယားဟုခေါင်းစဉ်တပ်မရသော်လည်း တရားဝင်လက်ထပ်ထားသည့် လူနှစ်ဦး၏ကြားမှ ကိစ္စမို့ မည်သူမှဝင်မပါရဲကြ။ တင်းမာနေသော မူပိုင့်မျက်နှာအခြေအနေကြောင့် အစ်မရီတောင် အနောက်ဆုတ်နေရ၏။

ဖြစ်ရသည့်အကြောင်းကလည်း ထွေထွေထူးထူးမဟုတ်။ သူ့ကိုမပြောပဲသွားသဖြင့် နောက်ပြောရန်သတိပေးခြင်းကို မြ အလိုမကျကာပြန်ရန်တွေ့မိခြင်း။ ချိန်ကိုက်ဗုံးတစ်လုံးနှယ် ပေါက်ကွဲလာသော မူပိုင်ရဲ့ ဒေါသများသည် မြ သိပ်သဘောကျသော ကြွေပန်းအိုးအား အစိတ်စိတ်အမွှာမွှာဖြစ်စေ၏။

မူပိုင် [အတွဲ တစ်]Where stories live. Discover now