အပိုင်း (၁၁/u)

5.2K 544 12
                                    

မူပိုင် အပိုင်းတစ်ဆယ့်တစ်။    ။

အိပ်ခန်းသို့ဦးတည်ဝင်ရောက်ခဲ့သော်လည်း ထင်မှတ်ထားသလိုမျိုး ဒေါ်ဒေါ်အိပ်မနေပေ။ လုံးဝမရှိဘူးဟုပြောလျှင် ပို၍မှန်မည်။

" ဒေါ်ဒေါ် "

အော်ခေါ်ကြည့်လိုက်ပေမယ့် ပြန်ထူးသံအား မကြားရပါ။ မေပုံ့ကိုမေးတော့လည်း မရေမရာမို့ အနည်းငယ်စိတ်ပူလာမိသည်။ ဒေါ်ဒေါ်က လမ်းပျောက်တတ်သော ဆယ်ကျော်သက်လေးမဟုတ်ပါ။ ပျောက်ကွယ်သွားတတ်သည့် အရွယ်ကောင်းသာဖြစ်သည်။

" ကျုပ်အနားကနေ ပျောက်ကွယ်ရဲပျောက်ကွယ်ကြည့်။ ခင်ဗျားကို ကျုပ်သတ်မှာ ဒေါ်ဒေါ် "

ကျိန်းမောင်းပြောဆိုလို့ အောက်ထပ်သို့အပြေးပြန်ဆင်းလာ၏။ လက်ရှိ၌ မူပိုင့်ပုံစံသည် အတော်လေးဖရိုဖရဲဖြင့်ပင်။ အတွင်းရှပ်အင်္ကျီကိုသာ ဝတ်ဆင်ထားပြီး ကြယ်သီးနှစ်လုံးအထိ ဖြုတ်လို့ထား၏။ ဖားလျားချထားသော ဆံနွယ်မှာလည်း ထိုးဖွခြင်းခံရသဖြင့် ရှုပ်ပွလျက်။

" သခင်မလေး "

" ကိုဘသောင်းနဲ့ အစ်မရီဆိုတဲ့သူ ဘယ်သွားကြလဲ မေပုံ့။ မသိလို့ကတော့ မင်းကိုအလုပ်ထုတ်ပြစ်မယ် "

" ရှင် "

" ဖြေလေ "

" ဗိုလ်ချုပ်ဈေးသွားကြတာပါ သခင်မလေး "

" အိမ်ကတစ်ယောက်ပါသွားလား "

" အဲ့တာ .. အဲ့တာကိုတော့ မေပုံ့လည်းမမြင်မိပါဘူး "

တောက်ခေါက်သံသည် ဟိန်းခနဲထွက်ပေါ်လာ၏။ မေပုံ့ကိုယ်လုံးလေး တုန်တက်သွားရသည်အထိ ကျယ်လောင်လွန်း၏။

" အိမ်မှာနေပြီး ဘာမှကိုအသုံးမကျဘူး "

" တောင်း .. တောင်းပန်ပါတယ် သခင်မလေး "

မေပုံ့ခင်ဗျာလည်း အတော်လေးကြောက်လန့်နေရှာပြီ။ အသက်ပြင်းပြင်းပင် မရှူရဲတော့ပေ။

" အယ် ပြန်ရောက်နေပြီလား မူပိုင် "

ပြစ်ထားတာကြာပြီဖြစ်သော စတိုခန်းထဲမှ ထွက်လာသည့်ဒေါ်ဒေါ်။ မြင်လျှင်မြင်ချင်းမှာပဲ ကိုယ်လုံးငယ်လေးအား ရင်ခွင်ထဲသို့ ဆွဲယူပွေ့ထားလိုက်သည်။

မူပိုင် [အတွဲ တစ်]Where stories live. Discover now