အပိုင်း (၄/u)

5.4K 538 13
                                    

အညိုမှားတင်မိလို့ရယ်။ အခုဟာကမှ အပိုင်းလေးနော်။ နည်းနည်းဂယက်ဖြစ်သွားလောက်တာမိုဘ အရှေ့ကအပိုင်းကိုပြန်ဖတ်ကြည့်ပေးနော်။

မူပိုင် အပိုင်းလေး။     ။

နာရီလက်တံသည် ခြောက်နာရီကျော်ရုံမျှသာ အရာရောက်သေး၏။ ဖွင့်ဟထားသော ကားမှန်ပြတင်းမှတစ်ဆင့် အပြင်ဘက်သို့ ငေးမောနေမိသည်။ စကားနားမထောင်သူသည် မြန်ဆန်သောနှုန်းထားတစ်ခုဖြင့် မောင်းနှင်နေ၏။ ပြောလည်းရမည်မဟုတ်တာကြောင့် ဥပေက္ခာသာပြုနေလိုက်သည်။

တိုးဝင်လာသော ညခင်းလေပြေသည် စိမ့်နေအောင်မချမ်းစေသော်လည်း အသည်းအေးစေ၏။ ကျစ်လစ်မှုမရှိသော် ဆံထုံးမှတစ်ဆင့် ဟိုတစ်စ၊ဒီတစ်စကျနေသော ဆံနွယ်များဟာ လေနှင့်အတူ ကခုန်ကြသည်။ ခရမ်းပြေးရောင် မိုးသားတိမ်တိုက်တွင် ည၏သ‌င်္ကေတဖြစ်သော လခြမ်းဟာထွက်ပြူမလာသေးပါ။ သို့သော်လည်း တင့်တယ်မြဲတင့်တယ်နေသော ကောင်းကင်ယံအား မြ သိပ်သဘောကျရ၏။

တိတ်ဆိတ်မှုသာ ကြီးစိုးနေသော အနက်ရောင်စလွန်းကားလေးသည် လှည်းတန်းညဈေး၏ နီးစပ်ရာတစ်နေရာ၌ ရပ်တန့်သွား၏။ စားသောက်ဆိုင်ကြီးတစ်ဆိုင်ဆိုင်ဖြစ်မည်ဟု မြ ထင်ထားသော်လည်း လက်တွေ့၌တလွဲ။

" ခင်ဗျား ငါးသံပုရာပေါင်းစားချင်နေတာမလား "

အံ့ဩခြင်းအား ပါးစပ်လေးခပ်ဟဟပွင့်ရုံဖြင့်သာ မြ တုန့်ပြန်နိုင်၏။

" ကျုပ်လန်ဒန်မ‌သွားခင် ကိုယ်တိုင်လိုက်ကျွေးချင်လို့။ လာ ဆင်းခဲ့တော့ "

ကားတံခါးလာဖွင့်ပေးသောအခါ မြ စိတ်ထဲအသိအမှတ်ပြုချင်စိတ်လေး ကြီးစိုးသွားရ၏။ အရိုင်းတုံးဟု ထင်မှတ်ထားသော်လည်း ယခုလိုအခါမျိုးတွင်လည်း သိပ်မဆိုးလှပါချေ။

" မင်းကလန်ဒန်ကို ဘာသွားလုပ်ဖို့လဲ "

ကားတံခါးပိတ်ပြီးနောက် ဖယ်မပေးပါပဲ ပိုတိုး၍ နီးကပ်လာသူကြောင့် နောက်ဆုတ်မိ၏။ ထိုအခါ ရုန်းဖယ်စရာ နေရာလပ်မကျန်တော့အောင် မြ ကျောပြင်နှင့် ကားတံခါးတို့မိတ်ဆက်သွားလေသည်။ ထိစပ်လုမတတ်ဖြစ်နေသော မျက်နှာအနေအထားကြောင့် မြ မှင်သက်စွာ မလှုပ်ရှားမိပါ။ ပြုစားမည်ဟု ကြုံးဝါးထားသူသည် မြ ကိုယ်တိုင်ဖြစ်သော်လည်း တကယ်နစ်ဝင်နေမိသည်မှာ မြသာဖြစ်၏။

မူပိုင် [အတွဲ တစ်]Where stories live. Discover now