အပိုင်း (၁၃/u)

4.8K 550 5
                                    

မူပိုင် အပိုင်းတစ်ဆယ့်သုံး။    ။

စိတ်ဓာတ်မာကျောပါတယ်ဆိုတဲ့ မိန်းမ၊ သိပ်ထက်မြတ်ပါတယ်ဆိုတဲ့ မိန်းမကလည်း အချစ်နဲ့ပတ်သက်လာရင် မျက်ရည်ကျတတ်တာပါပဲ။ ပြတ်သားလွန်းပါတယ်ဆိုလည်း စိတ်တစ်ဖက်ခြမ်းမှာတော့ သူမတူအောင် နာကျင်ရတာတွေချည်းပါ။

ဘယ်လိုအရာနဲ့မှ ယှဉ်စရာမလိုတဲ့အထိ မူပိုင်ကို မြရွေးချယ်မယ်။ ဒါဟာ တိုက်တွန်းချက်မပါဝင်သော မြ ရဲ့ နှလုံးသား ဆုံးဖြတ်ချက်သပ်သပ်ပါပဲ။ အသက်ကြီးမှ ခေါင်းကြောမာလိုက်တာလို့ ပြောလာရင်လည်း မြ ခံယူရမှာပေါ့လေ။ မြ မတတ်နိုင်ဘူး၊ မြ ကိုယ်တိုင်လည်း အခုလို အခြေအနေတွေ ဖြစ်လာဖို့ကို မမျှော်လင့်ခဲ့ပါဘူး။

ရုံးချုပ်ကို ဆက်ခံလာတာ နှစ်ပေါင်းနှစ်ဆယ်ရှိပါပြီ။ မြရဲ့ငယ်ရွယ်မှု၊ လွတ်လပ်မှုတွေအားလုံးကို မိသားစုအတွက် စတေးခဲ့ပြီးပြီ မဟုတ်ပါလား။ မာနတွေလည်း သိပ်ကြီးခဲ့ပြီးသလို အတ္တတွေနဲ့လည်း ကိုယ့်ကိုကိုယ်ဖုံးလွှမ်းခဲ့ပြီးပြီ။ ဒီလောက်ဆို မြရဝန်စံအိမ်တော်ကြီးအတွက် မြ တာဝန်ကျေတယ်မလား။

မြ ရူးမိုက်ကြည့်လိုက်လို့ ရတယ်မလား။ မြလည်း မြအချစ်ကို ထွေးပွေ့ထားချင်သေးတယ်လေ။ မူပိုင့်အနားမှာပဲ သေအတူရှင်မကွာ မြ နေထိုင်သွားမယ်။

" မမ ပြန်မယ်ဆိုရင် ကိုဘသောင်းပို့ပေးပါလိမ့်မယ်။ တကယ်လို့ အနားယူမယ်ဆိုရင်တော့ မေပုံ့ကို အခန်းပြင်ခိုင်းလိုက်ပါ။ မူပိုင်အတွက် မြ သံပုရာရည်လေး ပြန်ဖျော်ပေးဦးမယ် "

မမရဲ့ ခွန်းတုံ့စကားကို နားထောင်မနေပဲ မြ လှည့်ထွက်လာလိုက်သည်။ ရင်ဘတ်ထဲ မွန်းကြပ်လွန်းလို့ အဲ့သည်ပတ်ဝန်းကျင်မှာ မြ ဘယ်လိုမှဆက်ပြီး မရပ်ချင်တော့တာကြောင့်ပင်။

" ကဲ .. ပြော၊ ပြန်မှာလား မပြန်ဘူးလား "

" ပြန်မှာ၊ ဒါပေမယ့် ညည်းမိန်းမကို ပြောလိုက်စမ်းပါအေ‌ "

" ဘာကိုလဲ "

" ငါသေရင်တောင် အသုဘကို လာစရာမလိုဘူးလို့ "

" ကျုပ်လူကို မကြည်ဖြူရင် ကျုပ်ကလည်း ဘာမှယဉ်ကျေးပေးနေစရာ ကိစ္စမရှိဘူး။ ခင်ဗျားကို ကိုင်မပေါက်ခင် ထွက်သွားလိုက်တော့ "

မူပိုင် [အတွဲ တစ်]Where stories live. Discover now