မူပိုင် အပိုင်းတစ်ဆယ့်ရှစ်။ ။
သိပ်လှပလွန်းသော မနက်ခင်းလေးတစ်ခုပါပဲ။
မျက်လုံးနှစ်လုံးဖွင့်လိုက်သည်နှင့် မြင်တွေ့ခွင့်ရသော ချစ်ရသူမျက်နှာဟာ ရွှေရင်အေးလေးတစ်ခွက်လိုနှယ်။ တစ်နေ့တာကို အကောင်းဆုံးဖြတ်ကျော်နိုင်ဖို့ အားပေးလိုက်သလိုမျိုးပင်။" အဲ့လိုပဲ ငေးနေတော့မှာလား။ နမ်းဦးလေ "
မနက်ခင်းတိုင်း ကြားနေရသော တရားသံကို သတိမမူမိတဲ့ အပါယ်လားမည့် အမိုက်မတစ်ယောက်ပါ။ အိပ်ရာနိုးနိုးချင်းမှာတောင် ကြည်လင်နေတတ်သည့် ချစ်ရသူ၏ အကဲပိုစကားများကိုသာ အာရုံပြုနေမိသည်။ တရားမရပါပဲ အရူးရင့်နေပြီဖြစ်တဲ့ မိန်းမပါကွယ်။
" ဘယ်နားနမ်းရင်ကောင်းမလဲ စဉ်းစားနေတာ "
" တစ်မျက်နှာလုံး နေရာလပ်မကျန်အောင် နမ်းချင်လည်းရတယ် သိလား "
" အင်း ဒါလင့်သဘော "
ဦးစွာအနေဖြင့် နဖူးပြေပြေလေးအား အနမ်းခြွေမိသည်။ ထိုအခါ ပြုံးယောင်သမ်းသွားသော ချစ်ရသူ၏ မျက်နှာသည် ရှားပါးအနုပညာတစ်ခုလို။ မျက်ခွံမို့မို့လေးတွေရယ်၊ ခပ်အိအိ ပါးပြင်လေးနှစ်ဖက်ရယ်၊ နှာသီးဖျားနဲ့ မေးစေ့လေးရယ်၊ အရာရာဟာ မြတ်နိုးဖွယ်တွေပါပဲ။ အနမ်းဖွဖွခြွေလို့ အဆုံးသတ်အဖြစ် နှုတ်ခမ်းပါးလေးကို ငုံထွေးထားလိုက်သည်။
ရှင်သန်လာရတဲ့ ကာလအတွင်း လိင်တူအမျိုးသမီးတစ်ဦးကို ယခုကဲ့သို့ ချစ်ကျွမ်းဝင်မိမည်အား မတွေးခဲ့မိရိုးအမှန်။ ချစ်မိသွားတော့လည်း လူတွေဟာ ထမင်းလွတ်၊ ဟင်းလွတ် ရူးတတ်ကြစမြဲပါပဲ။ လက်ကလေးကိုထိချင်တယ်၊ နှုတ်ခမ်းလေးကို နမ်းချင်တယ်။ ပိုင်ချင်တယ်၊ ဆိုင်ချင်တယ်။ အို .. ရောဂါတွေ၊ ရောဂါတွေပါလား။
~~ ရောင်နီကို ကြိုလင့်တဲ့ ပန်းကလေးတွေ ~~ အချစ်ဆုံးရဲ့ အနံ့အသက်ကို ယူခဲ့ပြီ ~~
~~ နေခြည်တွေ ခြုံလွှမ်းတဲ့ မနက်ခင်းမှာ ~~ အချစ်ဆုံးရဲ့ အနွေးဓာတ်ကို ပြန်ရပြီ ~~
~~ ကိုယ့်ဘဝရဲ့နေရာတိုင်းမှာ မင်းရှိတယ် ~~
" ကျုပ်အပြင်သွားလိုက်ဦးမယ်၊ နေ့လည်ထမင်းစားမစောင့်နဲ့ ဒေါ်ဒေါ် "
ESTÁ A LER
မူပိုင် [အတွဲ တစ်]
Romance⁽⁽ ရိုင်းတယ်ထင်ရင် ပြန်ချစ်လိုက် ကျုပ်လိမ္မာပေးနိုင်တယ် ဒေါ်ဒေါ် ⁾⁾