မူပိုင် အပိုင်းခုနစ်။ ။
မူပိုင် ရုံးမှပြန်လာသည်မှာ နေ့လည်နှစ်နာရီဝန်းကျင်တည်းကဖြစ်သော်လည်း ညနေစောင်းမှသာ အိမ်သို့ရောက်၏။ ဆင်ဝင်အောက်၌ ကားစက်ရပ်လိုက်သည်နှင့် အိမ်မကြီးထဲမှ အပြေးထွက်ကြိုသူ မေပုံ့နှင့် မစောရီ။ ထင်ထားသည့်အတိုင်း လေးဆယ့်နှစ်နှစ်မပါပါ။
" ဒေါ်လေးမြ စောင့်နေတယ် သခင်မလေး "
" အင်း "
မေပုံ့၏ အသိပေးစကားကို အင်းတစ်လုံးတည်းဖြင့် ခပ်အေးအေးပြန်ဖြေသွား၏။ ထိုအမူအရာသည် သိပ်တော့လည်းမဆန်းကြယ်လှပါ။
ကြောင်လိမ်လှေကားမှ ခြေလှမ်းမှန်မှန်ဖြင့် အပေါ်သို့တက်သွားသူအား တမေ့တမော ငေးကြည့်မိသည်။ နောက်ကျောအနေအထားမှ မြင်ရသည်ကိုပင် ပိုင်ဆိုင်ချင်စရာကောင်းလွန်းနေ၏။ ထိုအမျိုးသမီးထံ ဘယ်ဘဝမှ ဆုတောင်းများစုပြုံပြည့်နေပါသနည်း။
" မေပုံ့ "
" ရှင် ဒေါ်လေးရီ "
" ငေးမနေပဲ လုပ်စရာရှိတာလုပ်တော့ "
" ဟုတ် ဟုတ်ကဲ့ပါ "
အထစ်ထစ်အငေါ့ငေါ့ဖြေသံတွင် ဝမ်းနည်းခြင်းပြယုဂ်များ ကြီးစိုး၏။ ဝေ့ဝဲလျက်ရှိသော မျက်ရည်ကြည်တို့အား အတင်းထိန်းချုပ်လို့ ထိုနေရာမှကျောခိုင်းလိုက်သည်။
ချစ်ခြင်းမေတ္တာသည် သဇင်ပန်းလေးနှင့်တူ၏။ မပိုင်ဆိုင်ရခြင်းတွေဟာ ထိုကဲ့သို့လှသည်။
အခန်းတံခါးကို ခပ်မြန်မြန်သာဖွင့်လိုက်သည်။ နက်စွေးစွေးမွေ့ယာပေါ်၌ တံခါးကိုကျောပေးလို့ ခွေအိပ်နေသော ဒေါ်မြရံခြယ်။ အနားသို့လျှောက်သွားသည်အထိ နိုးမလာသေးပေ။
" ဒေါ် ဒေါ် "
လက်မောင်းကိုအနည်းငယ်ပုတ်လို့ နှိုးလိုက်သည်။ အခြားတစ်ဖက်သို့ လှည့်လာသော်လည်း မျက်ဝန်းများသည် ဖိပိတ်ထားစဲ။
" ချစ်စရာကြီးကွာ "
ပါးတစ်ဖက်ဟာ ခေါင်းအုံးနှင့်အပ်နေသည်မို့ မသိမသာစူထွက်နေသော နှုတ်ခမ်းပါး။ ကိုယ်ခန္ဓာအား မှီလောက်သည်အထိကိုင်းလို့ ခပ်ဖွဖွစုပ်ယူနမ်းရှိုက်လိုက်မိ၏။ မပြောင်းလဲသွားသော စီးကရက်အရသာနှင့် ရောနှက်နေတတ်သည့် ချိုစိမ့်စိမ့်အရသာ။ မနေနိုင်စွာဖြင့် နောက်တစ်ကြိမ်ထိကပ်လိုက်မိသည်။
YOU ARE READING
မူပိုင် [အတွဲ တစ်]
Romance⁽⁽ ရိုင်းတယ်ထင်ရင် ပြန်ချစ်လိုက် ကျုပ်လိမ္မာပေးနိုင်တယ် ဒေါ်ဒေါ် ⁾⁾