မူပိုင် အပိုင်းသုံး။ ။
ကိုယ်လုံးပေါ်မှန်ရှေ့ မတ်တပ်ရပ်နေသော အမျိုးသမီးတစ်ယောက်။ ခပ်မြင့်မြင့်ထုံးဖွဲ့ထားသည့် ဆံနွယ်တွေကြား နေရာယူထားသော နှင်းဆီနီနီနှစ်ပွင့်။ ရဲစိုစိုနှုတ်ခမ်းပါးလွှာကြား ငုံခဲခြင်းခံထားရသော ငါးသုံးလုံးစီးကရက်တစ်လိပ်။ မီးတောက်လေးနှင့် ထိတွေ့လိုက်ပြီးနောက် တစ်ခဏတွင်းချင်း အခိုးငွေ့များဟာ မှန်ချပ်ဆီသို့ ရိုက်ခတ်သွား၏။
" မင်းကိုမုန်းတယ် မူပိုင် "
အောက်တိုဘာ နှစ်ဆယ့်ငါးရက်နေ့။
မူပိုင် နှင့် မြရံခြယ်တို့၏ မင်္ဂလာဧည့်ခံပွဲ ~
အကြီးအကျယ်မဟုတ်သော်လည်း ဦးမင်းပိုင်၏ မိတ်ဆွေများကြောင့် အတော်လေးလူစည်သွား၏။ မြဘက်တွင်တော့ အစ်မရီနှင့် ကိုဘသောင်းသာ တက်ရောက်လေသည်။ဦးမင်းပိုင်တို့သည် ခရစ်ယာန်ဘာသာ ကိုးကွယ်သူများမို့ မင်္ဂလာပွဲအခမ်းအနားတွင် ဩဘာပေးသူမှာ သင်းအုပ်ဆရာတစ်ဦးသာဖြစ်၏။ နှစ်ဦးနှစ်ဖက် လက်ထပ်လက်စွပ်လဲလှယ်ပြီးနော် ပြဿနာဟာစသည်။ အဘယ်ကြောင့်ဆို ဦးမင်းပိုင်မိတ်ဆွေတို့မှာ နိုင်ငံခြားသားများဖြစ်သည်မို့ သူတို့ထုံးတမ်းအစဉ်အလာအတိုင်း အကြင်နာပေးခိုင်းလေ၏။
" ဟင့်အင်း "
" အဲ့လောက်ထိ ငြင်းပြမနေနဲ့။ ကျုပ်လည်း မနမ်းဘူး "
မူပိုင်ဘက်မှ ခေါင်းခါပြလိုက်သောအခါ တီးတိုးသံများ တိတ်ဆိတ်သွား၏။ မြ သက်ပြင်းခိုးချလိုက်ရင်း မသိစိတ်ထဲမှ ကျေးဇူးတင်နေမိသည်။ ထို့အပြင် ဤမင်္ဂလာပွဲအား မြန်မြန်အပြီးသတ်ချင်နေမိ၏။
ဓာတ်ပြားမှ ပျံ့လွှင့်လာသော သီချင်းသံစဉ်တို့အား နားဆင်ရင်း စီးကရက်ကိုသာ တစိုက်မတ်မတ် ရှိုက်ဖွာနေမိသည်။ အချိန်နာရီသည် မင်္ဂလာပွဲအပြီး နေ့လည်ခင်းမှ ညကိုးနာရီဆိုသော နေရာအထိရွေ့လျားခဲ့ပြီးဖြစ်၏။ အရှိန်အဟုန်ဖြင့် မောင်းနှင်ထွက်ခွာသွားသော စလွန်းကားလေးရဲ့ နောက်ကျောပြင်အား မြ အာရုံထဲမှ ထုတ်မရသေးပေ။
" ခွန်းစေ "
စကားဝိုင်းဆီမှ အမှတ်မထင်ကြားလိုက်ရသော အမည်နာမတစ်ခု။ မယုံကြည်ခြင်းများစွာဖြင့် ဘေးနားတွင်ရပ်နေသူအား မော့ကြည့်မိသည်။ တည်တင်းနေသော မေးရိုးထင်းထင်းကိုသာ ဦးစွာမြင်ရ၏။ ထို့နောက် ငုံ့မိုးကြည့်လာသည့် မျက်ဝန်းနက်နက်များ။ အရင်လိုမဟုတ်ပါပဲ ဆွေးရိပ်သမ်းနေသော ထိုမျက်ဝန်းများ။
YOU ARE READING
မူပိုင် [အတွဲ တစ်]
Romance⁽⁽ ရိုင်းတယ်ထင်ရင် ပြန်ချစ်လိုက် ကျုပ်လိမ္မာပေးနိုင်တယ် ဒေါ်ဒေါ် ⁾⁾