အပိုင်း (၁၀/u)

5.2K 520 20
                                    

မူပိုင် အပိုင်းတစ်ဆယ်။    ။

" မြကို တစ်ခုလောက်မေးလို့ရမလား "

" အစ်မရီမေးမှာကို မြသိပါတယ် "

အစ်မရီသည် စပ်စုတတ်သူတစ်ယောက်မဟုတ်။ သို့ပေမယ့် မြနဲ့ပတ်သက်လာတိုင်း စိတ်ဝင်တစားရှိတတ်မြဲပင်။

" မြ ချစ်မိသွားပြီ အစ်မရီ "

ကြမ်းပြင်ပေါ်သို့ လိမ့်ဆင်းသွားသော မုန်လာဥနီ။ တစ်ဆက်တည်းမှာပဲ ပြောင်းလဲသွားသည့် အစ်မရီ၏ တအံ့တဩမျက်နှာ။ မြ ခပ်အေးအေးပြုံးလို့ ကြမ်းပြင်ပေါ်က မုန်လာဥနီလေးအား ကောက်ယူကာရေဆေးလိုက်သည်။

" သေချာရဲ့လား မြရယ်၊ လက်စားချေဖို့ဆိုရင်တော့ အဲ့လိုမျိုးမလုပ်ပါနဲ့ကွယ် "

" အရှုံးဆိုတဲ့အရာကို မြ မနှစ်သက်ဘူး အစ်မရီ။ ဒါပေမယ့်လေ မူပိုင့်အပေါ် မြ အနိုင်မယူရက်ဘူး "

အစ်မရီဘက်က တိတ်ဆိတ်သွားသည်မို့ မြ စကားထပ်ဆက်လိုက်သည်။

" အချစ်ဆိုတာကို အစ်မရီခံစားဖူးလား "

" အိုကွယ် မခံစားဖူးသလို ခံလည်းမခံစားချင်တော့ပါဘူး။ အသက်အရွယ်ကဖြင့် သင်္ချိုင်းခြေတစ်ဖက်လှမ်းနေပြီကို "

" မခံစားဖူးရင် နားလည်နိုင်မှာမဟုတ်ဘူး အစ်မရီ "

ထို့နောက်တွင်တော့ နှစ်ဦးသားတိတ်ဆိတ်ကာ ချက်ပြုတ်စရာရှိသည်များကို ဆောင်ရွက်နေခဲ့ကြ၏။မြလည်း မြအတွေးနှင့်၊ အစ်မရီမှာလည်း အစ်မရီရဲ့အတွေးနှင့်။ သေချာတာကတော့ မြ အတွေးဟာ မူပိုင့်အကြောင်းပင်ဖြစ်သည်။

" ပိုင်ပိုင် "

စာရင်းဖိုင်အစစ်မပြတ်သူသည် ခေါ်သံအား အပီအသကြားသော်လည်း ခေါင်းထောင်မလာခဲ့ပါ။ ထို့ကြောင့် စားပွဲခုံအရှေ့ မတ်တပ်ဝင်ရပ်လို့ နောက်တစ်ကြိမ်စကားစရလေသည်။

" နေ့လည်စာသွားစားကြရအောင် "

" ဘယ်အချိန်ရှိပြီလဲ "

" နေ့လည်တစ်နာရီ "

" ဘာ "

ဝုန်းခနဲမတ်တပ်ထရပ်သူကြောင့် ရိုဘင်တစ်ယောက် အနောက်သို့အနည်းငယ်ယိုင်သွား၏။ စောနကအထိ သွေးအေးနေသော မူပိုင်ဟာ ချက်ချင်းဆိုသလို ပစ္စည်းများအား ကပြာကယာထည့်သိမ်းလို့နေလေသည်။

မူပိုင် [အတွဲ တစ်]Where stories live. Discover now