အပိုင်း (၁၆/u)

4.1K 497 6
                                    

မူပိုင် အပိုင်းတစ်ဆယ့်ခြောက်။      ။

" ခင်ဗျားက ကျုပ်ကိုသိတာလား "

ရောင်နီသည် အနောက်အရပ်သို့ အပြေးလေးပုန်းကွယ်သွား၏။ အဆက်မပြတ် မြည်ဟီးနေသော မြင်းခွာသံများလည်း တိတ်ဆိတ်သွားလေသည်။ လေရူးဟာ ပူနွေးလို့လာခဲ့၏။ နှလုံးသားတည့်တည့်သို့ မီးစဖြင့် အထိုးခံလိုက်ရသကဲ့သို့ပင် လောင်ကျွမ်းသွားရလေသည်။

" အားနာပါတယ်ရှင်။ ပိုင်က နေသိပ်မကောင်းလို့ပါ "

" ပိုင် .. ပိုင်တဲ့လား "

ဘူတာမှာ ရပ်စောင့်နေရင်တောင် ဟုတ်နိုးနိုးရှိပေဦးမည်။ အဘယ်ကြောင့်ဆို အချိန်တစ်ခုရောက်လျှင် ဘူတာသို့ ရထားဆိုက်ရောက်မည်ဖြစ်သည်။ သို့ပေမယ့် ဘယ်ကိုသွားလို့ သွားမှန်းမသိသူ၊ ဘယ်တော့ပြန်လာလို့ ပြန်လာမယ်မှန်း မသိသူကို စောင့်ရခြင်းကတော့ အရူးနဲ့သာ တူပေလိမ့်မည်။ ရူးရတော့လည်း အချစ်ရူးပေါ့လေ၊ မြကတော့ အမြဲတမ်းစောင့်နေမှာ။

" ခင်ဗျား ဘယ်သူမှန်း ကျုပ်မသိဘူး။ ဒါပေမယ့် အဲ့လိုသံသယမျက်လုံးတွေနဲ့ ကျုပ်ကိုမကြည့်နဲ့ "

" ဘာလို့လဲ ဒါလင် "

" ကျုပ်မကြိုက်ဘူး "

" မြလည်းမကြိုက်ဘူး "

" ဘာကိုလဲ "

" မြကို သူစိမ်းလိုဆက်ဆံနေတာကိုပေါ့ "

သူစိမ်းမဖြစ်နိုင်လောက်ဘူးဆိုတာ ကျုပ်သိတယ်။ ဒါပေမယ့် ကျုပ်မသိတာက အတိတ်ကို၊ အဲ့အတိတ်ကို ကျုပ်မှမသိပဲလေ။ ဖြတ်သန်းလာခဲ့တဲ့ ခြောက်လလုံးလုံး အတိတ်မေ့ဝေဒနာကြောင့် ကိုယ့်ကိုယ်ကိုတစ်ခါလေးတောင် စိတ်မပျက်ခဲ့ဖူးပါဘူး။ ပထမဆုံးအကြိမ်ပဲ၊ ခင်ဗျားကို မမှတ်မိနိုင်လို့ ကျုပ်ကိုယ်ကျုပ် သိပ်စိတ်ပျက်တာပဲ။

" သူစိမ်းမဟုတ်ရင် ဘာတွေလဲ "

မြ့မျက်လုံးတွေကို ခပ်စူးစူးစိုက်ကြည့်လာ၏။ ထို့ကြောင့် မြလည်း မူပိုင်မျက်လုံးလေးတွေကို တစ်ဖန်ပြန်စိုက်ကြည့်လိုက်မိသည်။ အရည်ကြည်တို့ ဝေ့ဝဲနေသော မျက်ဝန်းအိမ်နှင့် ရှုပ်ထွေးနေသော အကြည့်များ။

မူပိုင် [အတွဲ တစ်]Where stories live. Discover now