အပိုင်း (၂/u)

6K 572 11
                                    

မူပိုင် အပိုင်းနှစ်။     ။

ခြံထဲသို့ တလိမ့်လိမ့်မောင်းဝင်လာသည့် ကိုယ်ပိုင်အငှားယာဉ် (private taxi)တစ်စီး။ လိုက်ကာစကိုချလို့ ကုတင်ခြေရင်း၌ စိတ်ပျက်လက်ပျက် ဝင်ထိုင်လိုက်မိသည်။

မကြုံချင်သော်လည်း အချိန်တန်သည့်အခါ ဆုံရတွေ့ရပေမည်။ အိမ်မက်ဟုသာ ထင်ယောင်ထင်မှားဖြစ်ခဲ့သော ကာလတွေဟာလည်း ကုန်လွန်ခဲ့ရပြီ။ ဆီးကြိုနေသော ငရဲတံခါးဝအား အသာဖွင့်လို့ ချောက်နဲကြီးထဲ ကိုယ်တိုင်ကိုယ်ကျ ခုန်ချရပေဦးမည်။

" မြရဝန်ကနေ ကြိုဆိုပါတယ် မိန်းကလေး "

" မူပိုင် "

ရုတ်တရက်ထွက်ပေါ်လာသော စကားသံကြောင့် ခေါင်းငုံအရိုအသေပေးရမှ မော့ကြည့်မိ၏။ ထိုအခါ အမှတ်မထင် တွေ့ဆုံလေသော အကြည့်စူးစူးများဟာ ကြက်သီးထစဖွယ်အတိ။

" ကျုပ်နာမည်က မူပိုင်။ မိန်းကလေးမဟုတ်ဘူး "

ယဉ်ယဉ်ကျေးကျေး နှုတ်ဆက်လိုက်သော်လည်း ထိုသို့ပြန်လည်တုန့်ပြန်လာခြင်းကြောင့် မစောရီစိတ်ထဲ ခုသွားရ၏။ တစ်ဆက်တည်းမှာပဲ ထိုမိန်းကလေးနှင့် မြ၊ ဒီခရီးကို ဘယ်လိုပုံမျိုးဖြင့် နှစ်ပါးသွားကြမည်နည်းဟုပါ တွေးမိလေသည်။ မြအတွက် ရင်မောပါ၏။

ခြံထဲမှနေ အိမ်တော်အတွင်းသို့ ဝင်လာပြီးပေမယ့် ယခုအချိန်ထိ ဒေါ်မြရံခြယ်အား မတွေ့ရသေးပေ။ ခရီးပမ်းလာပါတယ်ဆိုမှ စတင်ဆန္ဒပြနေသူကြောင့် ဒေါသကထောင်းခနဲ။

" ဟိုလူကော ဘယ်မှာလဲ "

" မြကိုမေးတာလား။ အိပ်ခန်းထဲမှာ ရှိနေမယ်ထင်တယ် "

" အခုသွားခေါ်။ ကျုပ်ဧည့်ခန်းထဲမှာ စောင့်နေမယ် "

ကျွန်းခုံကြီးလေးခုံပတ်လည်နေရာယူထားသော စားပွဲဝိုင်းဆီသို့ ဦးတည်သွားလိုက်သည်။ ဒေါ်မြရံခြယ်၏ ဓာတ်ပုံချိတ်ဆွဲထားသော နံရံနားရှိ ထိုင်ခုံ၌ ဝင်ထိုင်ကာ ကျောမှီလို့မှေးနေမိ၏။

လှေကားထစ်များကို တစ်ဆင့်ချင်းလှမ်းလာသော ခြေသံအချို့။ ခပ်ရေးရေးမှ အပြီအပြင်ကြားရလာစဉ်တွင်တော့ မျက်ဝန်းတို့အား ဖွင့်လိုက်၏။

မူပိုင် [အတွဲ တစ်]Where stories live. Discover now