Intro

28.2K 1K 68
                                    

<Unicode>
"ဓူဝံမင်းကိုပြည့်သူရဲတေဝိုင်းထားပီ အေးဆေးအဖမ်းခံပါ"

(ဇာတ်လမ်းအရသာထည့်ရတာ အဲ့လိုခေါ်ကတာသနတယ် ထွီ)

ဓူဝံဟာသူ့ရှေ့ကရဲယူနီဖောင်းနဲ့လူကိုမယုံနိုင်ခြင်းများစွာနဲ့ကြည့်နေမိသည်။

"မောင်"

နှုတ်ကနေခေါ်လိုက်မိတဲ့နာမ်စားလေးတစ်ခု။

ဒေါသထွက်လားဆို ထွက်တာပေါ့ ကိုယ်ယုံကြည်ထားတဲ့သူကကိုယ့်နောက်ကျောကိုဓားနဲ့ထိုးခဲ့တာလေ။

"ဓူဝံမင်း အသာတကြည်အဖမ်းခံလိုက်ပါ မင်းအပြစ်လျော့အောင်ငါလုပ်ပေးပါ့မယ်"

ဒါဟာဓူဝံအပေါ်ထားတဲ့သူ့ရဲ့သံယောဇဉ်ကြောင့်သာ။တည်မြဲအာဏာ သေနတ်ကိုကျစ်ကျစ်ကိုင်လို့ဓူဝံထံချိန်ထားလေသည်။ဓူဝံသာထွက်မပြေးရင်သူပစ်မှာတော့မဟုတ်ပါ။

"အဟက် မောင် မင်းရဲမလုပ်စားပါနဲ့လား သရုပ်ဆောင်လုပ်စားလေ မင်းနဲ့လိုက်တယ်"

"..."

"ချစ်ခဲ့လားမောင်"

"...."

"ဟား ဟား ငါသိပ်တုံးခဲ့တာပဲ လက်စသတ်တော့မင်းက မင်းပုခုံးခေါ်ကကြယ်တစ်ပွင့်တိုးဖို့ ငါ့အချစ်ကိုညာယူခဲ့တာပေါ့"

"...."

"မင်းပြန်ပြောလေ သူ*ောင်းစားရဲ့အ,နေလား!!!"

"ဓူဝံမင်းအယူခံဝင်လို့ရတယ် ရှေ့နေလဲငှါးထားပေးတယ် အသာတကြည်အဖမ်းခံလိုက်ပါ"

ဒါဟာလိမ်ခြင်းမဟုတ်ပါ ဓူဝံအပြစ်လျော့စေရန်သူအတတ်နိုင်ဆုံးလုပ်မှာပင်။

"ဟက်!"

ဓူဝံခြောက်ကပ်ကပ်ရယ်ရင်းဘောင်းဘီနောက်မှာထည့်ဖွက်ထားတဲ့ပစ်စတိုအားထုတ်ကာနားထင်တည့်တည့်မှာချိန်လိုက်သည်။လက်နက်ချအရှုံးပေးတာသူ့ရာဇဝင်မှာမရှိ။

"ဓူဝံ!ဘာလုပ်တာလဲ အဲ့သေနတ်ကိုချထားလိုက်!"

"မင်းကိုငါသိပ်မုန်းတယ်မောင်"

ဒိုင်း!!!

"ဓူဝံ!!!"

သူ့နားတေထူပူသွားသည်။လဲကျသွားတဲ့ကိုယ်လေးကိုထွေးပွေ့လို့ဆေးရုံကားခေါ်ရန်တောင်းဆိုနေသည်။နားထင်ကိုထုတ်ချင်းပေါက်သွားတာကပွဲချင်းပီးမှန်းကျန်အဖွဲ့သားများသိပီးသား။ဒါကိုဆေးရုံကားခေါ်ခိုင်းနေတဲ့အဖွဲမူးကိုကျန်အဖွဲ့သားများအနေနဲ့ဘယ်လိုပြောပြရမလဲ။

Make A Wish(System)(Completed)Où les histoires vivent. Découvrez maintenant