ဇင်း(Arc -5.2)

6.7K 623 26
                                    

<Unicode>
စတီဗင်သူ့ကုမ္မဏီတွင်အရေးကြီးကိစ္စပေါ်လာတာကြောင့်နှုတ်ဆက်ကာပြန်သွားတော့သည်။

"သားလေး"

"ဟုတ်မေမေ"

"သားစတီဗင်ကိုဘယ်လိုသဘောရလဲ"

"သူကလား သူကထက်မြတ်တယ် တည်ကြည်တယ် အရမ်းကြည့်လို့ကောင်းတယ် သူ့ကိုယ်သင်းရနံ့လေးကဆွဲဆောင်မှုရှိတယ် ပီးတော့..."

"အဟင်း ဟင်း မေမေမေးတာကသူ့ကိုလက်ထပ်ဖို့ဘယ်လိုသဘောရလဲမေးတာပါကွယ်"

"အော် ဟုတ်လား"

ဇင်းရှက်ရှက်နဲ့သူ့ဆံပင်တေကိုထိုးဖွနေတော့သည်။

"ကြည့်ရတာတော့ မေမေတို့လက်ထပ်ပွဲအတွက်ပြင်ဆင်ရတော့မယ်ထင်တယ် အဟင်း"

"မေမေတို့သဘောပါ ကြိုက်သလိုလုပ် သားလက်ခံတယ်"

"ဟုတ်ပါပီရှင်"

>>>>>>>>>>>>>

လက်ထပ်ပွဲနေ့....

သူတို့နှစ်ယောက်ရဲ့မင်္ဂလာပွဲကကြီးကျယ်ခန်းနားလှပီး လူအများရဲ့စိတ်ဝင်စားမှုအများဆုံးခံနေရသည်။အချမ်းသာဆုံးTop3စာရင်းဝင်Alphaနဲ့Betaတို့ရဲ့လက်ထပ်ပွဲကသတင်းစာခေါင်းစီးတွင်နေရာယူလို့ရွှေရွှေချင်းထပ်သလိုဝင့်ထည်နေတော့သည်။

ဇင်းကအရင်ကomegaတစ်ယာက်ကိုခိုးပြေးပီးအိမ်ပေါ်ကဆင်းသွားလို့အမွေဖြတ်ခဲ့တယ်လို့သိခဲ့ကြပေမယ့် အခုတစ်ခြားလူနဲ့ဗြုန်းစားကြီးလက်ထပ်လိုက်တာမို့အားလုံးကသိချင်နေကြသည်။

"သခင်လေး အရင်ကomegaလေးတစ်ယောက်နဲ့ခိုးပြေးဖူးတယ်ဆိုတာဟုတ်ပါသလား"

"ဟုပါတယ်"

"အခုအဲ့omegaလေးနဲ့ဘာဖြစ်သွားပီလဲ ဘာလို့ဒုတိယသခင်လေးနဲ့လက်ထပ်တာပါလဲ"

"သူနဲ့ကအရင်ကတည်းကမိဘတေစီစဉ်ပေးထားကြတာ ကျနော်ကလက်မခံချင်ပဲမိုက်ရူးရဲခဲ့တာပါ အဲ့omegaလေးလဲအခုဆိုသူသဘောကျတဲ့သူနဲ့ဘဝသစ်ထူထောင်နေလောက်ပါပီ"

"ဒါဆိုသခင်လေးကသူ့အပေါ်အရင်ဖောက်ပြန်ခဲ့တာလားဗျ"

"အဲ့မေးခွန်းကိုကန့်ကွက်တယ်!"

Make A Wish(System)(Completed)Where stories live. Discover now