ရွှေရိုး(Arc -6.7)

5.5K 532 19
                                    

<Unicode>
ရွှေရိုးအလုပ်တေပီးတော့အိမ်ပြန်ပီးရေမိုးချိုးကာရေကြည်နဲ့ချိန်ထားသည့်နေရာသို့ထွက်လာသည်။ရေကြည်က အပျို​တေရေခပ်လေ့ရှိတဲ့ရေတွင်းလေးဘေးမှာဒူးတုတ်ထိုင်ရင်းသူ့ကိုစောင့်နေသည်။ရွှေရိုးကိုမြင်တော့ပါးချို့င့်လေးတေပေါ်အောင်ရယ်ကာလက်ယမ်းပြလေသည်။ရွှေရိုးခြေလှမ်းသွက်သွက်နဲ့ချစ်ရသူဆီသွားနေတုန်း ရုတ်တရက်ပင်...

"မင်းသေစမ်း!!!!"

သစ်ပင်ကွယ်ကနေလူတစ်ယောက်ကရုတ်တရက်ထွက်လာကာရွှေရိုးကိုဓားနဲ့ထိုးလိုက်သည်။ရွှေရိုးထိုလူကိုမှတ်မိသည်။ထိုလူကသစ်ခွကိုနှောက်ယှက်ရင်းသူနဲ့ရန်ဖြစ်ခဲ့တဲ့အမူးသမားနှစ်ယောက်ထဲကတစ်ယောက်ဖြစ်သည်။ကြည့်ရတာရန်ငြိုးထားပီးလုပ်ကြံပုံပင်။

သို့သော်ထိုလူထိုးလိုက်တဲ့ဓားကဗိုက်ကိုစိုက်မသွားတဲ့အပြင်ဓားထိပ်ပါလက်တစ်ဆစ်စာလောက်ကျိုးသွားတာကြောင့်ထိုလူကမျက်လုံးပြူးသွားကာအလန့်တကြားဖြင့်....

"ရွှေ ရွှေရိုးကတုတ်ပီး ဓားပီးပဲ!အား ရွှေရိုးကဓားပီးတယ်ဟ!"

(ဒီးဒီ)

တီ

(ရှိပါတယ်host)

(အဲ့လူကအရင်ဇာတ်လိုက်ကိုသတ်တဲ့လူမလား)

(ဟုတ်ပါတယ်host ဇာတ်လိုက်ကသစ်ခွနဲ့ရသွားလို့မနာလိုလို့လုပ်ကြံတာပါ)

အော်ဟစ်ကာထွက်ပြေးသွားတဲ့ထိုလူကြောင့်ရေကြည်ကအနားကိုပြေးလာကာ..

"မောင်! ဘာ ဘာဖြစ်သွားသေးလဲ ဘယ်နားထိသွားသေးလဲဟင်!"

စိုးရိမ်တကြီးဖြင့်ရွှေရိုးရဲ့ခန္တာကိုယ်ကိုစစ်ဆေးနေတဲ့ရေကြည်ကြောင့်ရွှေရိုးက...

"မောင်ဘာမှမဖြစ်ပါဘူးကွာ ဒီမှာကြည့်"

ဟုဆိုကာပုဆိုးစထဲထည့်ဝတ်ထားတဲ့အကျင်္ီကိုဆွဲထုတ်ကာလှန်လိုက်တော့....

"ဟင် ကြွေ ကြွေပန်းကန်တေ"

ကြွေပန်းကန်နှစ်ချက်ကိုအကျင်္ီအောက်ထဲကထုတ်ကာ..

"အချစ်ကထန်းရည်သောက်ချင်တယ်ဆိုလို့ မောင့်မှာလဲပိုက်ဆံမရှိတာနဲ့အမေ့ကြောင်အိမ်ထဲကကြွေပန်းကန်နှစ်ချပ်ခိုးလာတာ ဒါကိုသွားပေါင်ပီးအချစ်ကိုထန်းရည်ဖိုးပေးမဖို့လေ အဲ့တာအမေတွေ့မှာဆိုလို့အကျင်္ီအောက်ထဲထည်ဖွက်လာတာ ဟဲဟဲ"

Make A Wish(System)(Completed)Where stories live. Discover now