ရွှေရိုး(Arc -6.1)

5.6K 527 2
                                    

<Unicode>
"အကိုလေး!"

"ဟေ"

ရွှေရိုးအိမ်ရှေ့ကွပ်ပစ်မှာထိုင်ရင်းပြေးဝင်လာတဲ့တပည့်နှစ်ယောက်ကိုကြည့်လိုက်သည်။

"အကိုလေး ဆရာတော်ဘုရားကိုဝင်ဖြန်ဖြေလိုက်တယ်ဆို ဘယ်လိုဖြစ်ရတာလဲအကိုလေးရာ"

ဖိုးအေးကနှမြောတသအသံဖြင့်ပြောလေသည်။

"ဖိုးအေး ဂွတို"

"ဟုတ်အကိုလေး"²

"မြောက်ပိုင်းသားလေးရေကြည်ကိုဒီနေ့ကစပီးရန်စတာတေမလုပ်နဲ့တော့ သူတို့ကလာစရင်လဲသည်းခံ"

ဖိုးအေးနဲ့ဂွတိုကပါးစပ်အဟောင်းသားနဲ့ရွှေရိုးကိုပြူးကြည့်လာတော့သည်။

"အကိုလေး ဘာဖြစ်သွားတာလဲအကိုလေးရာ မြောက်ပိုင်းသားတေအကိုလေးကိုတစ်ခုခုခြိမ်းခြောက်ထားလို့လား"

"မဟုဘူးကွ ငါမြောက်ပိုင်းသားလေးကိုသဘောကျနေလို့"

"မြောက်ပိုင်း? အော်...မြောက်ပိုင်းကကွမ်းတော်ကိုင်သစ်ခွကိုလား သူကအရမ်းလှတယ်လို့ကြားတယ်အကိုလေးရ ငါတို့အကိုလေးတော့မိန်းမရတော့မယ်ထင်တယ်"

"ဟက်!မဟုဘူး"

"ဗျာ"²

"ငါကြိုက်တာသူကြီးသားရေကြည်ကို"

"ဗျာ!!!!"²

°°°°°°°°°°°°°°°°°°°°°

"အမေ"

"အင်း"

"သားကိုပိုက်ဆံလေးနည်းနည်းလောက်ပေးပါလား"

"ကြက်တိုက်ဖို့လား ထန်းရည်သောက်ဖို့လားပြော!"

"ဟဲဟဲ အရှေ့ပိုင်းမှာပွဲလေးရှိလို့အဖေ့သားကြီးကိုလက်ရည်စမ်းကြည့်မလို့ပါဗျ"

"ရေကြည် မင့်အဖေကြက်တေကိုသွားမထိစမ်းပါနဲ့အေ ပီးရင်အဲ့လူကြီးကဗြစ်တောက်ဗြစ်တောက်နဲ့မပီးတော့ဘူး"

"အမေမပြောရင်မသိပါဘူးဗျာ နော် ချစ်မေမေနော်"

"ဟင်းး ပြဿနာမတက်စေနဲ့နော် ငါစိတ်ချလိုက်မယ်"

"ဟုတ် အာ့ကြောင့်အမေ့ကိုချစ်တာ အူမွ"

"အမလေး တော်ပါအေ"

Make A Wish(System)(Completed)Where stories live. Discover now