System Space

6.8K 572 8
                                    

<Unicode>
(system space က​နေပြန်လည်ကြိုဆိုပါတယ်host)

(အင်း)

(ရမှတ်တေအတွက်ဇယားကိုကြည့်ပေးပါ)

% -40

တတ်မြောက်မှုပညာ -နည်းပညာ၊အချစ်ရေးရာ

(နောက်ကမ္ဘာအတွက်သင်ရမှာကအုပ်ချုပ်မှုနည်းပညာပါ ရှေ့တံခါးကနေဝင်သွားပါ)

(ok)

၁၀နှစ်ခန့်ကြာသော်......

(ငါပြန်လာပီ ဒီးဒီ)

(ကြိုဆိုပါတယ်ဗျ ခနနားအုံးမလား နောက်ကမ္ဘာသွားတော့မလားhost)

(နောက်ကမ္ဘာသွားမယ်)

(ဟုတ်)

စတင်ပို့ဆောင်နေပါပီ 3.2.1

"အရှင် ချောဟယ် အရှင့်အတွက်ဆေးကြိုလာပါတယ် သောက်လိုက်ပါအုံး"

(မသောက်လိုက်နဲ့host အဲ့ထဲမှာဆေးခပ်ထားတယ်)

(ကျေးဇူး)

အားလုံးကနန်းဝတ်နန်းစားတေနဲ့မို့သူလဲအလိုက်ထိုက်လေးဖြင့်...

"ထားခဲ့ ငါကိုယ်တော်ကိစ္စလေးရှိလို့"

"အရင်သောက်လိုက်ပါအရှင် ပီးတာနဲ့ချောဟယ်ထွက်သွားပါ့မယ်"

သူမသောက်မချင်းပေကပ်နေမယ့်ပုံမို့သူလဲထိုခွက်လေးကိုယူကာသောက်ပြလိုက်သည်။ထိုအခါမှစိတ်ချသွားသယောင်ဖြင့်ထိုမိန်းကလေးကထွက်သွားတော့သည်။ထိုမိန်းကလေးမရှိတော့မှပါးစပ်ထဲကငုံထားတဲ့ဆေးရည်တေကိုထွေးထုတ်လိုက်တော့သည်။

(ဒီးဒီ ဇာတ်ကြောင်း)

(ဟုတ် ပို့လိုက်ပါပီ)

ဒီကမ္ဘာရဲ့ဇာတ်လိုက်နာမည်က ဂိုဂျွန်းဖြစ်ပီး ဂိုတိုင်းပြည်ရဲ့ပြည့်ရှင်မင်းတစ်ပါးဖြစ်သည်။ဇာတ်လိုက်မကတော့ ချောဟယ်ဆောင်းဖြစ်ပီး မိဖုရားခေါင်ကြီးဖြစ်သည်။ဇာတ်လိုက်ကသူဖခင်ဖြစ်တဲ့အရင်မင်းကြီးရဲ့အချစ်ဆုံးမိဖုရားကမွေးလာတဲ့သားဖြစ်တာကြောင့် သူ့ဖခင်မင်းကြီးသေတော့သူကဘရင်ဖြစ်လာတာပင်။အဲ့နောက်မှာဇာတ်လိုက်မနဲ့တွေ့ပီးချစ်ကြိုက်ကာမိဖုရားခေါင်မြှောက်လိုက်သည်။

Make A Wish(System)(Completed)Where stories live. Discover now